အပိုင်း (၁)

29.1K 1.4K 20
                                    


(Unicode)

' ဒါ မင်းထိုင်ရမယ့်နေရာပဲ '

စားပွဲခုံတစ်လုံးနှင့် ကွန်ပျူတာတစ်လုံးက သူ့ကို အေးစက်စွာဆီးကြိုနေသည်။ခုံကိုဆွဲထုတ်ကာ ထိုင်လိုက်ပြီးနောက် စားပွဲပေါ်ရှိဖိုင်အချို့ကို သူလှန်လှောကြည့်နေမိသည်။

' ဒီနေ့မှအလုပ်စဝင်တာဆိုတော့ လုပ်ရမှာတွေကတော့ သိပ်မများပါဘူး။အဲ့ဖိုင်ထဲကစာရင်းတွေကို သေချာပြန်လုပ်ပြီးရင် မိတ္တူငါးရွက်စီ ဆွဲရုံပဲ။ကျန်တဲ့ အသေးစိတ်ကိုတော့ MD နောက်မှရှင်းပြလိမ့်မယ် '

' MD...... '

' အင်း ...ငါတို့ဌာနရဲ့ Managing Director ပတ်ဂျီမင်းတဲ့...အမ်ဒီ ပတ် ပေါ့။မင်းက သူ့လက်ထောက်အနေနဲ့ အလုပ်လုပ်ရမှာ '

အမ်ဒီ ပတ် ရဲ့လက်ထောက်တဲ့...

အခြားဝန်ထမ်းတွေလိုမျိုး ကိုယ့်အလုပ်ကိုယ်လုပ်ရတာမဟုတ်ပဲ လက်ထောက်အနေနဲ့လား။အဲ့လိုမျိုး တစ်စုံတစ်ယောက်ရဲ့ လက်အောက်မှာ သီးသန့်မလုပ်ချင်လို့ သူ့ယခင်အလုပ်ကနေပြောင်းလာခဲ့သည်ကို အခုလည်း လက်ထောက်တဲ့။

' ကျွန်တော် အခြား Department ပြောင်းလို့မရဘူးလား။လစာနည်းမယ်ဆိုရင်လည်း အဆင်ပြေ...'

' ဒီအလုပ်ကိုစခေါ်ကတည်းက အမ်ဒီ့
အတွက် သီးသန့်ရည်စူးပြီး ခေါ်တာလေ။ဘယ်လိုလုပ်ပြောင်းလို့ရမှာလဲ '

ရှေ့မှ စီနီယာရဲ့ပြောစကားကြောင့် သူနည်းနည်းတော့ စိတ်ကသိကအောက်ဖြစ်သွားရသည်။အခုချိန်မှ ဒီအလုပ်ကနေချက်ချင်း ပြန်ထွက်ပြီး သူ့အရင်အလုပ်ဆီ ပြန်သွားလို့ကလည်းမရ။

မတတ်နိုင်။
သူသက်ပြင်း အသာချလိုက်ရင်း စားပွဲပေါ်ရှိ ကွန်ပျူတာကို ဖွင့်ကာ Microsoft Excel ထဲဝင်ကြည့်လိုက်သည်။တွေ့လိုက်ရသည်က လုပ်လက်စ စာရင်းဇယားအချို့။

' ဆန်းဘေး ကျွန့်တော့်အရင်က အခြားလက်ထောက်တစ်ယောက် ရှိခဲ့ဖူးတာလား '

' အင်း...ဟုတ်တယ်။မင်းလို
အမျိုးသားလက်ထောက်တစ်ယောက်ပဲ '

' အဲ့တာဖြင့် သူကဘာလို့ အလုပ်ထွက်သွားတာလဲ '

ကိုယ်တာဝန်ယူရမည့် နေရာအကြောင်းတော့ သေချာသိထားသင့်သည်မဟုတ်လား။

Plot Twist (COMPLETE)Where stories live. Discover now