အပိုင်​း (၄)

7.3K 999 14
                                    

(Unicode)

အမ်​ဒီ ပတ်​ နှင်​့ပိုမိုရင်​းနှီးရန်​ ရရှိခဲ့​သော အခွင်​့အ​ရေးသည်​ အမ်​ဒီ့ရ​ဲ့​မွေး​နေ့တွင်​ဖြစ်​သည်​။

ထို​မွေး​နေ့ညတွင်​ ကုမ္ပဏီမှဝန်​ထမ်​းအားလုံးကိုဖိတ်​ပြီး အမ်​ဒီ့ခြံထဲမှာ ပါတီအ​သေးစား​လေး ကျင်​းပ​ပေးမည်​ဟု ​ကြေငြာ​တော့ အားလုံး ဝမ်​း​မြောက်​ဝမ်​းသာဖြစ်​ခဲ့ကြ​သေးသည်​။

အ​ကြောင်​းမှာ နှစ်​စဉ်​ကျင်​းပမြဲဖြစ်​တဲ့ အမ်​ဒီ့​မွေး​နေ့တွင်​ ဝမ်​တစ်​သိန်​းမှစ၍ ဝမ်​သိန်​းငါးဆယ်​အထိ မဲ​ဖောက်​​ပေး​သော​ကြောင်​့ပင်​။အခုလည်​း ​မွေး​နေ့ကဘယ်​​နေ့မှန်​းမသိ​သေး။ငါက​တော့ သိန်​း​ငါးဆယ်​​ပေါက်​​အောင်​ နှိုက်​မယ်​ဆိုတာချည်​းပင်​။

ထို​နေ့က ​နေ့တစ်​ဝက်​​လောက်​နှင်​့ အမ်​ဒီက အလုပ်​ဆင်​းသွားသည်​။သူတို့ဝန်​ထမ်​း​တွေကိုလည်​း တစ်​နာရီ​စော၍ အလုပ်​ဆင်​း​ပေးမည်​ဟု​ပြောထားသည်​။

'ဂျုံးဂု...အမ်​ဒီ့အတွက်​ လက်​​ဆောင်​ဝယ်​ပြီးပြီလား '

အစ်​မရှင်​းဟယ်​က စက္ကူလှလှ​လေးဖြင်​့ ​သေချာစွာထုတ်​ပိုးထား​သော လက်​​ဆောင်​ထုတ်​​လေးကို မျက်​စိ​ရှေ့တပြပြလုပ်​ရင်​း ​မေးလာ​တော့ သူ​ခေါင်​းနပန်​းကြီးသွားရသည်​။

'ဟာ....ကျွန်​​တော်​ မဝယ်​ရ​သေးဘူး '

'ဟုတ်​လား...အလုပ်​ဆင်​းရင်​ ဝင်​ဝယ်​လိုက်​​လေ။သူများ​တွေ​တောင်​ အကုန်​ဝယ်​ပြီးကြ​ပြီ။'

အစ်​မရှင်​းဟယ်​​ပြော​မှ အခန်​းထဲ​ဝေ့ကြည်​့မိ​တော့ လူတိုင်​းရဲ့ စားပွဲ​ပေါ်မှာ လက်​​ဆောင်​ထုပ်​​လေး​တွေ ကိုယ်​စီတင်​ထားကြသည်​။ တစ်​ကယ်​ကို သူတစ်​​ယောက်​ပဲ လက်​​ဆောင်​မစီစဉ်​ရ​သေးတာဖြစ်​သည်​။ဒီတစ်​ပတ်​ပိတ်​ရက်​မတိုင်​ခင်​ အပြီးသတ်​ရမည်​့ အလုပ်​​တွေအ​ပေါ် အာရုံအစိုက်​လွန်​​နေမှု​ကြောင်​့ သူဟို​မေ့ဒီ​မေ့ဖြစ်​​နေတာ နှစ်​ရက်​ သုံးရက်​​လောက်​ပင်​ရှိပြီ။

အလုပ်​ဆင်​း​တော့ သူ Super Market တစ်​ခုထဲ ဝင်​လာလိုက်​သည်​။အမှန်​​တော့ အမ်​ဒီ့ကို ဘာလက်​​ဆောင်​​ပေးရမယ်​မှန်​း သူမသိ။​​ရေ​မွှေးတို့ နက်​ကတိုင်​တို့ကျ​တော့လည်​း သူမြင်​ဖူး သိဖူးသ​လောက်​ဆိုရင်​ အမ်​ဒီသုံးတာ​တွေက သူ့အတွက်​​ဈေးကြီးလွန်​း​နေသည်​။ပစ္စည်​း​တွေကြား ​ယောင်​လည်​လည်​ဖြစ်​​နေကာမှ ကုမ္ပဏီမှာ သူများ​တွေဘာဝယ်​ကြလည်​း မစပ်​စုခဲ့ရတာကို ​နောင်​တရချင်​လာသည်​။

Plot Twist (COMPLETE)Tempat cerita menjadi hidup. Temukan sekarang