The Final(Unicode)

Start from the beginning
                                        

'ကွျန်တော်လိုက်လျောပေးပါမယ်။ '

ဟျောန်းရဲ့ အသံတွေတဖြည်းဖြည်း လေးလံလာတာကိုသတိထားမိတော့ သူအလန့်တကြားဖြင့် ဟျောန်း ကိုသူ့ရင်ခွင်ထဲ ပြန်ထွေးပွေ့ထားမိသည်။

နှစ်ယောက်လုံးရဲ့ မျက်ရည်တွေကကျဆင်းလာရင်း ဟျောန်း ကတော့ပြုံးလျက် သူ့ရင်ငွေ့ကို နောက်ဆုံးအနေဖြင့်လိုမျိုးတိုးဝှေ့ကာ ရှုရှိုက်နေသည်။

'ဂျံုးဂု..ဂျွန်ဂျုံးဂု..ကိုယ့်ရဲ့ကလေးလေး '

သူ့ရင်ခွင်ထဲမှနေ၍ တဖွဖွရေရွတ်နေသော အသံတိုးတိုးကြား သူကမ္ဘာပျက်သလိုပင် ဟျောန်းကိုတင်းတင်းဖက်ကာ ငိုကြွေးမိသည်။

'အားလုံး ပြီးသွားတော့မှာပါ '

နှုတ်ခမ်းလှုပ်ရုံလေးသာ ရေရွတ်လိုက်သော်လည်း သူသေချာကြားလိုက်ရပါသည်။

'ဟင့်အင်း...မပြီးသေးဘူး ဟျောန်းရဲ့..မပြီးသေးဘူး။မသွားပါနဲ့ ဟျောန်းရယ်..မသွားပါနဲ့ '

သူသွေးရူးသွေးတန်းပြောနေသော်လည်း တခဏအတွင်းမှာပင် ဟျောန်းရဲ့ ခန္ဓာကိုယ်လေးငြိမ်သက်သွားခဲ့သည်။

ဟျောန်း ရဲ့မျက်နှာလေးကို ငုံ့ကြည့်မိတော့ အိပ်ပျော်နေသူတစ်ယောက်လို ငြိမ်ငြိမ်သက်သက်။

နာကျင်ခြင်း၊ဝမ်းနည်းခြင်း၊ကျေနပ်ခြင်း...စသော
မည်သည့်ခံစားချက်မှ ဟျောန်းရဲ့မျက်နှာလေးပေါ်ထင်ဟပ်မနေခဲ့။ပကတိကြည်လင်အေးချမ်းလျက်။

ဟျောန်း... သွားပြီပေါ့။

သူ့ဆီက အရာအားလုံးကိုသိမ်းပိုက်ပြီး အနိုင်နဲ့ပိုင်းသွားခဲ့ပြီပေါ့။

လိမ္မော်ရောင်ဆံနွယ်တွေနှင့် ဟျောန်းကို ဘယ်​တော့မှပြန်ရှာဖွေ၍ရတော့မည်မဟုတ်မှန်း သိလိုက်ရ​တော့ ဆိုးရွားစွာပင် တုန်လှုပ်သွားခဲ့ရသည်။

'ဟေျာန်း '

ဘာမှပိုင်ဆိုင်မှုမရှိတော့သော လူတစ်ယောက်လို ဝမ်းနည်းနာကျင်စွာဖြင့် ဟျောန်းကိုတီးတိုးခေါ်လိုက်သည်။

ဟျောန်း က​တော့သူ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ်သက်သက်။

.....

မနက်ခင်းရဲ့ နေရောင်ခြည်ဖျော့ဖျော့ကို ပိုင်ဆိုင်ထားသောကောင်းကင်တစ်ခုအောက်တွင်...

လှပဝင့်ကြွားသော အဝါရောင်နှင်းဆီခင်းကြီးတစ်ခင်း။
စန္ဒရားတစ်လုံး..

အသက်မရှိတော့သော ခန္ဓာကိုယ်တစ်ခုကိုပွေ့ထားပြီး ငြိမ်သက်စွာထိုင်နေသော လူတစ်ယောက်။

ပြီးတော့ ကွာရှင်းစာချုပ်တစ်စုံကို ကိုင်ထားကာငိုကြွေးနေသော အမျိုးသမီးတစ်ဦး။

အသက်မရှိတော့သော ခန္ဓာကိုယ်ပိုင်ရှင်၏ လက်တစ်ဖက်ထဲတွင် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထား
သည့် တစ်ဝက်တစ်ပျက်မီးကျွမ်းနေသော အရုပ်အပိုင်းအစလေးတစ်ခု...

အချစ်ဆိုတာ မုန်းနေရင်းနဲ့လည်း ချစ်နေနိုင်တယ်ဆိုတာ ကျွန်တော်သိသွားပြီ။

တစ်ကယ်ဆို သူ့ဆီက ကျွန်တော်ဘာမှမရလိုက်ပါဘူး။

ဟျောန်း ကသာကျွန်တော့်ဆီက နှလုံးသားတစ်ခုလုံးကိုထုတ်ပြီးအပိုင်သိမ်းသွားတာ။

ဟျောန်း ပြောခဲ့သလိုပါပဲ။

ကျွန်တော် ပိုင်ဆိုင်ရမှာက တစ်သက်လုံးဖြေဆည်လို့မရနိုင်တဲ့ ဝမ်းနည်းမှုပါပဲ။

ကျွန်တော့်အတွက် ဘဝဆိုတာ သေခဲလိုက်တာ။

-The End-

#051019
#PlotTwist
#TheFinal

Original Novel - အိပ်မက်ထဲက ကာရံချို
Original Author- အိုစွမ်းပြည့်

-nonoe-

Plot Twist (COMPLETE)Where stories live. Discover now