အသက်ရှုသံခပ်ပြင်းပြင်းတွေထဲ စကားလုံးတိုင်းကို အားယူကာပြောနေရသော ဟျောန်းရဲ့သွင်ပြင်ကိုကြည့်ရင်း သူ့မျက်ဝန်းမှမျက်ရည်တွေက တားမရဆီးမရအောင်ကျလာရသည်။ရင့်ထဲမှာစို့နင့်လျက်သားဖြင့်..
ဒါဘယ်လို ဘဝမျိုးတွေများလဲဗျာ...
'ဟေျာန်း မောနေပြီ။မပြောပါနဲ့တော့နော်။ကျွန်တော်နားလည်ပါတယ် '
သူ့ပါးပြင်ပေါ်ရှိဟျောန်းရဲ့ လက်ကလေးကိုအုပ်ကိုင်ရင်း သူပြောတော့ ဟျောန်းက ခေါင်းကိုအသာခါယမ်းသည်။
'ဟင့်အင်း..ကိုယ်ပြောရမှဖြစ်မယ်။အရင်တုန်းလို ပြောသင့်တဲ့စကားတွေကို မပြောခဲ့ရလို အခုလိုနောင်တရရတာမျိုး နောင်ဘဝအထိမဖြစ်ချင်တော့ဘူးကွာ..'
ပါးစပ်ကပြုံးလျက်ပြောနေရင်းမှပင် ဟျောန်းမျက်ဝန်းမှမျက်ရည်တွေက စီးကျလာကြသည်။
'အဖြစ်အပျက်တွေအများကြီးဖြစ်ခဲ့တယ်။အစကနေ ဒီလိုအဆုံးသတ်အထိ အချိန်တွေအများကြီး ကုန်လွန်ခဲ့ပြီ။အရာအားလုံးလည်း ပြောင်းလဲသွားပြီ။ဒါပေမယ့် အစကနေ အဆုံးထိမပြောင်းလဲတာကတော့...
ကိုယ်မင်းကိုအများကြီးချစ်ခဲ့တာပဲ။ချစ်တယ်..ကိုယ်မင်းကိုအများကြီးချစ်ခဲ့တာပါ။ပြောမပြတတ်အောင်ကို ချစ်ခဲ့ပါတယ်။ '
'ဟေျာန်း..'
သူ ဟျောန်းရဲ့မျက်နှာလေးကို ဆွဲယူကာ နှဖူးချင်းထိစပ်သည်အထိ ဆွဲကပ်ထားမိသည်။ဟျောန်းရဲ့ ဝင်သက်ထွက်သက်နွေးနွေးက သူ့မျက်နှာပေါ်ရိုက်ခတ်လျက်သားဖြင့် သူအသံထွက်သည်အထိ ငိုချလိုက်မိသည်။
'တောင်းပန်ပါတယ်..သတ္တိမရှိခဲ့လို့ တောင်းပန်ပါတယ် ဂျုံးဂု ရယ်။မပွင့်လင်းခဲ့လို့လည်း တောင်းပန်ပါတယ် '
'မဟုတ်ဘူး ဟျောန်းရယ်..မတောင်းပန်ပါနဲ့။ကျွန်တော်နဲ့မထိုက်တန်ပါဘူး။မတောင်းပန်ပါနဲ့။ '
သူတို့နှစ်ယောက်ရဲ့ နှဖူးတွေထိကပ်လျက်သား..
သူတို့ရဲ့ နှာဖျားလေးတွေ ထိစပ်လျက်သားဖြင့်..
သူတို့ရဲ့မျက်ရည်တွေကူးလူးကုန်ကြသည်။
'ကိုယ်နောက်ဆုံးအနေနဲ့ တောင်းဆိုပါတယ်။ညီမလေး ဖြစ်ချင်တဲ့ ဆန္ဒတွေကိုလိုက်လျောပေးလိုက်ပါ။ '
YOU ARE READING
Plot Twist (COMPLETE)
Fanfiction' ကိုယ်ပိုင်ဆိုင်ရမှာက နောင်တတွေဆိုရင် မင်းပိုင်ဆိုင်ရမှာက တစ်သက်လုံးဖြေဆည်လို့ မရနိုင်တဲ့ ဝမ်းနည်းမှုတွေပဲ.....' Paring - Jimin x Jungkook Original Novel-' အိပ်မက်ထဲက ကာရံချို ' by ' အိုစွမ်းပြည့်'
The Final(Unicode)
Start from the beginning
