'ဟေျာန်းရယ်..'
အံ့သြစရာကောင်းလောက်အောင်ပင် သူ့အပြစ်တွေအားလုံးကို ဟျောန်းက ဗွေမယူခဲ့။သူမျက်စိရှေ့မှ ခေါင်းသေးသေးလေးကို မြတ်နိုးစွာငုံ့နမ်းလိုက်မိသည်။
'ကိုယ့်အတွက်တော့ မင်းကိုယ့်ကို ချစ်ခဲ့တယ်ဆိုတဲ့ အသိတစ်ခုနဲ့တင် ကျေနပ်ပါတယ်။ '
'ဟေျာန်းရယ်..ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့ '
ဟျောန်း ကဗွေမယူလေ..သူကတော့ အပြစ်ရှိသလိုခံစားရလေဖြစ်သည်။
'ကိုယ်လေ..ဂုဏ်သိက္ခာတွေ စည်းစိမ်တွေကို မက်မောခဲ့တယ်ဆိုတာကို ဝန်ခံပါတယ်...ဒါပေမယ့် မင်းကိုစွန့်လွှတ်ခဲ့ရတာ အကြောင်းတစ်ခုပဲရှိခဲ့တယ်။အဲ့တာက..ကိုယ့်ထက်အသက်ခြောက်နှစ်ငယ်တဲ့ ယောကျာ်းတစ်ယောက်ကို လက်ထပ်ရဲတဲ့ သတ္တိ ကိုယ့်မှာမရှိခဲ့လို့ပဲ '
'ဟေျာန်း ရာ...'
ဟျောန်းရဲ့ ရည်ရွယ်ချက်အမှန်ကို သိလိုက်ရချိန် သူ့တစ်ကိုယ်လုံးမှာ အားအင်တွေမရှိတော့။အရာရာအားလုံးကို သူ့ဆီမှ ဟျောန်းကနုတ်ယူသွားသလိုပင်။
ဟျောန်း ကသူ့ရင်ခွင်ထဲမှ ဖြေးဖြေးထွက်ကာ သူ့မျက်နှာကို ငေးမောကြည့်ရင်း ခပ်ဖွဖွပြုံးသည်။
'ပြီးတော့..မင်းသိလားဟင်..မင်းမရှိတော့တဲ့ အဲ့ company ကို ကိုယ်ပိတ်ပစ်ခဲ့ပြီး အခြား company တစ်ခုမှာပဲ ရှယ်ယာဝင်ခဲ့တာ။မင်း အရိပ်တွေရှိခဲ့ဖူးတဲ့ နေရာမှာကိုယ်မနေနိုင်ဘူးလေ။ကိုယ့်ဘဝမှာ...ကိုယ့်ကို ဟျောန်း လို့ခေါ်တတ်တဲ့ ယောကျာ်းတစ်ယောက်ကိုပဲ ချစ်ခဲ့တာ..'
ကြည့်စမ်း..သူဟာ ဟျောန်းရဲ့ ရင်ထဲကိုတော့ ဝင်ကြည့်ဖို့တစ်ခါမှစိတ်မကူးပဲ သူ့ဆန္ဒသက်သက်ကိုပဲ ဦးစားပေးခဲ့တဲ့လူမိုက်တစ်ယောက်ပဲ။
ဟျောန်း ကအေးစက်နေပြီးဖြစ်သော လက်တစ်ဖက်ဖြင့် သူ့ပါးတစ်ဖက်ကို ခပ်ဖွဖွလှမ်းကိုင်လာသည်။ထို့နောက် သူ့မျက်ဝန်းတွေထဲ တည့်တည့်ငေးကာ ပြုံးမြဲအတိုင်းပြုံးရင်းဆိုသည်။
'ကိုယ့်ကို ဂျစ်ကန်ကန်ကြည့်တတ်တဲ့ မင်းရဲ့မျက်ဝန်းတွေကို အဲ့နေ့ကတည်းက တိတ်တိတ်လေးစွဲလန်းခဲ့တာသိလား။မင်းရောက်လာတဲ့နောက်ပိုင်း ကိုယ့်ရဲ့ရုံးတက်ရက်တွေဟာ အများကြီး အဓိပ္ပာယ်ရှိလာခဲ့တာ။မင်းကိုဆိုးဆိုးဝါးဝါးတစ်ခွန်းပြောမိတိုင်း ကိုယ့်ရဲ့စိတ်ရင်းတွေပေါ်သွားမှာစိုးတဲ့စိတ်ရယ်..မင်းကိုယ့်ကိုနာကြည်းသွားမှာစိုးတဲ့စိတ်တွေရယ်နဲ့ ကိုနောင်တတွေအကြိမ်ကြိမ်ရဖူးတယ်..'
YOU ARE READING
Plot Twist (COMPLETE)
Fanfiction' ကိုယ်ပိုင်ဆိုင်ရမှာက နောင်တတွေဆိုရင် မင်းပိုင်ဆိုင်ရမှာက တစ်သက်လုံးဖြေဆည်လို့ မရနိုင်တဲ့ ဝမ်းနည်းမှုတွေပဲ.....' Paring - Jimin x Jungkook Original Novel-' အိပ်မက်ထဲက ကာရံချို ' by ' အိုစွမ်းပြည့်'
The Final(Unicode)
Start from the beginning
