လင်းလက်လာသော ဟျောန်း ရဲ့မျက်ဝန်းတွေကိုမြင်လိုက်ရချိန် သူရှိုက်ကြီးတငင်ငိုချပစ်လိုက်ချင်စိတ်တွေ ပြင်းထန်လာရသည်။
'မင်း..မင်း လုပ်ထားတာလား '
'ဟုတ်တယ်လေ..ဟျောန်းရဲ့။ ဟျောန်းရဲ့ ဥယျာဥ်လေးကိုကျွန်တော်ဖျက်ဆီးပစ်ခဲ့တယ်လေ။ အခုပြန်လုပ်ပေးထားတာ။ဟျောန်း သဘောကျလားဟင် '
ဟျောန်း ညင်သာစွာ ခေါင်းအငြိမ့်တွင် တစ်ညနေခင်းလုံး၊တစ်ညလုံး မီးထွန်းပြီး အလုပ်သမားပေါင်းများစွာနှင့် ပွင့်ပြီးသားနှင်းဆီပင်အားလုံးကို စိုက်ပျိုးခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှုက ယူပစ်သလိုပြေပျောက်သွားရသည်။
'ပြီးတော့ အဲ့နှင်းဆီခင်းကြီးဘေးမှာလေ စန္ဒရားတစ်လုံးချပေးထားတယ်။ဟျောန်း ကြည့်ချင်လားဟင်။ '
'အင်း'
သူ နှင်းဆီခင်းထဲသို့ ဆင်းသွားကာ စန္ဒရားဘေးတွင် ခြေစုံရပ်လိုက်သည်။
'ဟေျာန်း ကြည့်ပါဦး..ဟျောန်းမြတ်နိုးတဲ့ နှင်းဆီခင်းရယ်..စန္ဒရားရယ် '
ပွေ့ချီလျက်သား သူ့ရင်ခွင်ထဲမှ ဟျောန်း ကခေါင်းစောင်းကာငဲ့ကြည့်လာသည်။
သူ့အတွက်ကတော့....
လေထဲတွင် ယိမ်းနွှဲ့နေကြသည့် နှင်းဆီဝါတွေရယ်..
စန္ဒရားတစ်လုံးရယ်...
ပြီးတော့..
သူချစ်ရသည့် သေလုဆဲဆဲအမျိုးသားတစ်ယောက်ရယ်...
မြင်ကွင်းအားလုံးက သူ့အတွက်တော့ ရင်ပွင့်လုမတတ်ရယ် နာကျင်ဖွယ်အပြည့်။
သူစန္ဒရားရှေ့ရှိခုံပေါ်တွင် ထိုင်ကာဟျောန်းကို သူ့ရင်ခွင်ထဲထည့်ထားမိသည်။ရူးမတတ်လွမ်းနေရပါသော ကိုယ်သင်းနံ့မွှေးမွှေးကိုရချိန် သူမျက်ရည်တွေ ဝဲတက်လာရသည်။
'ဟေျာန်း...ဟျောန်းသိလားဟင်။ ဟျောန်းကို ကျွန်တော်နာကြည်းနေရင်းနဲ့တောင် ချစ်နေမိတုန်းပဲ သိလား..ဟျောန်းကို ကျွန်တော်ချစ်နေတုန်းပဲရယ် '
ဟျောန်း ရဲ့နှုတ်ခမ်းတွေက နုနယ်လွန်းစွာ လူးလွန့်လာသည်။
'ကိုယ် သိပါတယ်။အမုန်းဆိုတာ အချစ်ကလာတာလေ။မင်း ကိုယ့်ကိုမုန်းပြီး ကလဲ့စားချေလည်း ကိုယ်ကျေနပ်ပါတယ်။ဒါတွေ အားလုံးက ကိုယ့်ကိုချစ်ခဲ့လို့ မင်းလုပ်ခဲ့တာပဲလေ။ '
VOUS LISEZ
Plot Twist (COMPLETE)
Fanfiction' ကိုယ်ပိုင်ဆိုင်ရမှာက နောင်တတွေဆိုရင် မင်းပိုင်ဆိုင်ရမှာက တစ်သက်လုံးဖြေဆည်လို့ မရနိုင်တဲ့ ဝမ်းနည်းမှုတွေပဲ.....' Paring - Jimin x Jungkook Original Novel-' အိပ်မက်ထဲက ကာရံချို ' by ' အိုစွမ်းပြည့်'
The Final(Unicode)
Depuis le début
