The Final(Unicode)

Start from the beginning
                                        

အိပ်ရာပေါ်တွင် နွမ်းလျစွာဖြင့် လဲလျောင်းနေသည့်အနေအထားဖြင့် ဟျောန်း ကိုမြင်လိုက်ရခြင်းက သူ့ရင့်ကိုဆို့နင့်သွားစေသည်။

'ဟေျာန်း'

ဟျောန်းရဲ့အိပ်ရာဘေးရှိ ခုံလေးတွင် သူညင်သာစွာထိုင်ချလိုက်တော့ ဟျောန်းက သူ့အားနူးညံ့စွာငေးမောကြည့်လာသည်။

'ဟေျာန်း..ကျွန်တော် အရာအားလုံးအတွက် တောင်းပန်ပါတယ်။'

သူ ဆို့နင့်တုန်ယင်စွာဖြင့် တောင်းပန်စကားဆိုလိုက်မိသည်။ဖျော့တော့နေတဲ့မျက်ဝန်းလေးတွေမှာ အရည်လဲ့လာတော့ သူ့နှလုံးသားကိုဆွဲညှစ်နေသလို နာကျင်လွန်းလှသည်။

'ဟေျာန်း..ကျွန်တော်တောင်းပန်ပါတယ် ဟျောန်း ရယ်..ကျွန်တော်အားလုံးကိုလည်း အရှုံးပေးပါတယ်..အဲ့တာကြောင့်မို့ ကျွန်တော့်ကို အနိုင်နဲ့ပိုင်းပြီး ထွက်တော့မသွားပါနဲ့နော်။'

အရင်လိုပြည့်ဖောင်းမနေတော့သော ခပ်နွေးနွေးပါးပြင်နှစ်ဖက်ကို ဖွဖွအုပ်ကိုင်ကာ သူတောင်းဆိုတော့ ဟျောန်းကခေါင်းအသာယမ်းပြသည်။

မျက်ဝန်းထောင့်မှ မျက်ရည်တစ်စက်က ခေါင်းအုံးပေါ်သို့လျှောကျသွားသည်။

'ကိုယ်ကတော့ သေခြင်းတရားကို ဝမ်းသာအားရ ကြိုဆိုပါတယ်။မင်းအပေါ်ထားတဲ့ အချစ်တွေ အမုန်းတွေ အငြိုးတွေ...အားလုံးကို လွှင့်ပစ်လို့ရတယ်လေ '

မင်းအပေါ်ထားတဲ့ အချစ်တွေတဲ့..

ဒါဆို..ဟျောန်းကသူ့ကို တစ်ကယ်ပဲချစ်ခဲ့သည်ပေါ့။

သူ ဟျောန်းကိုမယုံနိုင်သလို ငေးကြည့်မိတော့ ဟျောန်း ကပါးပြင်ပေါ်ရှိသူ့လက်တွေကို ခပ်ဖွဖွထိတွေ့
လာသည်။

'ဟေျာန်း..အပြင်ထွက်ကြည့်ချင်လားဟင် '

'အင်း '

အခန်းထောင့်မှ ဝှီးချဲကိုသူလျစ်လျူရှုကာ ဟျောန်း ရဲ့ကိုယ်သေးသေးလေးကို အသာပွေ့ယူလိုက်သည်။ရင်ခွင်ထဲသို့ ခေါင်းမှီချလာသော ဖြစ်တည်မှုလေးကြောင့် သူ့ရင်တွေကွဲကြေလုလု။

'ဟေျာန်း ဟိုမှာကြည့်ပါဦး..ဟျောန်း ရဲ့ဥယျဥ်လေး '

မနက်ခင်းဝေလီဝေလင်းအချိန်ရဲ့ မှိန်ဖျော့ဖျော့အလင်း
ရောင်အောက်တွင် အဝါရောင်နှင်းဆီခင်းကြီးက ငြိမ်သက်တိတ်ဆိတ်စွာ တည်ရှိနေသည်။

Plot Twist (COMPLETE)Where stories live. Discover now