The Final(Unicode)

Start from the beginning
                                        

------

ဟျောန်း...တဲ့လား။

ကိုယ့်ရင်ခုန်သံတွေကို မင်းကအတောင်ပံတပ်ပေးနေတော့ပဲ။

ခေါ်ပေါ့.မင်းစိတ်ကြိုက်..
မင်းသဘောကျ..

------

မင်းက ငါးသလောက်ပေါင်းသိပ်ကြိုက်တယ်။ကိုယ်မှတ်ထားတယ်။ကိုယ် သေချာပေါက်ကိုမှတ်ထားတယ်။

ဒါပေမယ့် အဲ့နေ့ကမင်းသေချာစားမသွားခဲ့ဘူး။
မချက်တတ်ချက်တတ်နဲ့ချက်ထားလို့ အရိုးစူးရာဗရဗွနဲ့ ကိုယ့်လက်တွေကိုလည်း မင်းမြင်အောင်ကိုယ်ထုတ်မပြခဲ့ဘူး။

------

'ချစ်တယ်' တဲ့လား။

ကိုယ် အကြားချင်ဆုံးနဲ့ မကြားဝံ့ဆုံးစကားက မင်းဆီက ချစ်တယ် ဆိုတဲ့စကားပဲ။

ကိုယ်မှားခဲ့ပြီ။
အဆုံးမသတ်နိုင်မှန်းသိသိနဲ့ အစပျိုးခဲ့မိတာ ကိုယ်သိပ်ကိုမှားခဲ့ပြီ။

------

မှားနေမှန်းသိပေမယ့် မင်းပေးတဲ့နွေးထွေးမှုတွေကြား ကိုယ်ယစ်မူးသွားခဲ့မိတယ်။

တောင်းပန်ပါတယ်။ သတ္တိ မရှိခဲ့လို့။

------

အမုန်းတွေ...အမုန်းတွေ

မင်းပေးတဲ့အမုန်းတွေမို့ပဲလား။
ကိုးဆယ်ဆပို​ပြီး နာကျင်လိုက်ရတာ။

------

မင်းပေးခဲ့တဲ့ အရုပ်ကလေးကို နှစ်နဲ့ချီအောင်
သိမ်းထားခဲ့ပါတယ်။
လှပခဲ့တဲ့အတိတ်တွေကို ပြန်ရရှိနိုင်မလားဆိုတဲ့ မျှော်လင့်ချက် ယဲ့ယဲ့နဲ့။

ဒါပေမယ့် မင်းထပ်ပြီးဖျက်ဆီးပစ်ခဲ့တယ်။

------

နောက်ဆုံးတော့လည်း ဒီလိုအချိန်ကိုရောက်လာပြီပဲ။
ကိုယ်ချစ်တဲ့ ကိုယ့်ညီမလေးနဲ့ ကိုယ်ချစ်တဲ့ မင်းအတွက်
ကိုယ်ပေးဆပ်နိုင်သမျှဟာ.....

------

ကိုယ့်အတွက်တော့ မင်းကိုယ့်ကိုချစ်ခဲ့တယ်ဆိုတဲ့အသိတစ်ခုနဲ့တင် ကျေနပ်ပါတယ်။

******

'မင်းလာပြီပေါ့'

ခပ်တိုးတိုးအသံတစ်ခုနှင့်အတူ ဟျောန်း ကလှမ်းနှုတ်ဆက်သည်။

Plot Twist (COMPLETE)Where stories live. Discover now