Chapter(21-30)

2.4K 258 37
                                    

Chapter 21

အသက်ဆယ်နှစ်မပြည့်ခင်လောက်တုန်းက ကျွန်တော့်မိသားစုရယ် အဘိုးအဘွားတွေရယ်က အိမ်နီးချင်းတွေဆိုတော့ သူတို့ကပဲ ကျွန်တော့်ကို ကြည့်ရှုစောင့်ရှောက်လာခဲ့တယ်လို့ပဲ ပြောရမယ်။

နောက်ပိုင်း အဘိုး အိမ်ပြောင်းသွားတော့ ဦးလေးအိမ်မှာ သွားနေကြရတယ်။ တစ်ခါကျတော့ ဦးလေးက တစ်ခြားသူတွေရှေ့မှာ ကျွန်တော့်အစ်မနဲ့ ကျွန်တော့်ကို မှတ်ချက်ပေးဖူးတယ်။

"ဒီမိန်းကလေးတွေက သားလို စိတ်ကူးခံယူချက်တွေကို တသမတ်တည်းကို မထားဘူး"

ဦးလေးပြောတဲ့ တသမတ်တည်း ဖြစ်တယ်ဆိုတာ သူများတွေ ဘေးစကားဘယ်လောက်ပြောပြော နားထဲမထည့်ဘဲ အရာရာတိုင်းကိုတစ်ခုချင်းစီ အလေးအနက်ထားတတ်တာကို ပြောတာပါ။ ကျွန်တော်ကိုယ်တိုင်ကိုက ဒီလိုခန့်မှန်းချက်မျိုးကို ဘာလို့ပေးခံရလဲ မသိပေမယ့်လို့ပေါ့။

ကျွန်တော့်အမေကလည်း ခေါင်းတငြိမ့်ငြိမ့်နဲ့
ကျွန်တော်သာ လမ်းကြောင်းတစ်ခုကို အဆုံးထိသွားမယ်လုပ်ရင် နံရံကို မတိုက်မိမချင်း နောက်မဆုတ်မယ့်လူမျိုး ဆိုပြီး ပြောလိုက်သေးတယ်။

အခု ကျွန်တော်လည်း အရွယ်ရောက်လာတော့ အမေလည်း အထူးတလည်ကြီး ဂရုမစိုက်တော့ပါဘူး။

တစ်ခါတစ်လေကျမှ 'ယောကျာ်းတစ်ယောက်က ဂရုစိုက်ပေးမယ့် မိန်းမမရှိရင် အသက်တိုမှာ...'ဆိုပြီး ကောင်မလေးတစ်ယောက်လောက် ရှာဖို့
တိုက်တွန်းတတ်တယ်။ အမေက သဘောရိုးနဲ့ ပြောတယ်ဆိုတာ သိနေတော့ ဘာမှတော့ ပြန်မငြင်းမိပါဘူး။ ဒါပေမယ့် အမေက ကျွန်တော်ဘာလုပ်ရမယ် ဘာတွေလုပ်နေတယ်ဆိုတာ စပြီးပြောတာနဲ့ အပြင်ပန်းမှာတော့ ခေါင်းငြိမ့်မိနေပေမယ့် စိတ်ထဲမှာတော့ ဆန့်ကျင်နေလိုက်တာပဲ။

ကျွန်တော် ကြည့်ရှုစောင့်ရှောက်ရမယ့် သူမရှိတဲ့အကြောင်း...ကိုယ့်ကိုယ်တောင် အနိုင်နိုင်ဖြစ်နေတာမို့ တစ်ခြားသူကို လက်ထပ်ဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်တဲ့အကြောင်း... ဒါကြောင့် တစ်သက်လုံး တစ်ယောက်တည်းပဲ နေသွားမယ် ဆိုတာကို အမေ့ကို စကားစမ်းတဲ့အနေနဲ့ တော်တော်များများပြောဖူးသေးတယ်။

အသက် 35 နှစ်ထိ မင်းကို စောင့်နေမယ် (Translation)(completed)Место, где живут истории. Откройте их для себя