Chapter(11-20)

1.3K 232 28
                                    

Chapter 11

သူက သူ့ရဲ့လိင်ခံယူမှုနဲ့ပက်သက်လို့ တော်တော်လေးအထိမခံဖြစ်တတ်တယ်။ တစ်ခါတစ်လေဆို တွေးမိပါရဲ့။ ကျွန်တော်သာမရှိရင် သူ မိန်းကလေးတစ်ယောက်ကို ချစ်မိချင်ချစ်မိမှာ ဆိုပြီးတော့လေ။

ကျွန်တော်တို့တွေ တစ်ချိန်လုံးတူတူရှိနေခဲ့ကြပေမယ့်... မကြာခဏ အိပ်ခဲ့ဖူးကြပေမယ့် ...'ကျွန်တော့်ကို ကြိုက်တယ်' ဆိုတဲ့ ဝါကျလေးကို သူ တစ်ခါမှ မပြောခဲ့ဖူးဘူး။
တစ်ကယ်လို့များ အဲ့ဒီဝါကျလေးကို ပြောလိုက်ရင် သူ ဘယ်လိုဘယ်ဝါဆိုတာကို အတည်ပြုပေးလိုက်သလို ဖြစ်သွားမှာ ကျနေတာပဲ။

ကျွန်တော်လည်း ပြောတော့မပြောခဲ့ဖူးပါဘူး။ တစ်ခါ နှစ်ခါလောက်ပဲ အဲ့ဒီလိုအဓိပ္ပာယ်ရတဲ့ စာတစ်ကြောင်းကို ရေးပေးမိခဲ့ဖူးတယ်။

"ငါ မင်းကို ချစ်တယ် " ဆိုတဲ့ စကားပြောရတာ နည်းနည်းရှက်စရာကောင်းသလိုပဲ။

Chapter 12

ဒီတစ်ပတ်မှာ အိပ်ဖို့ကြိုးစားရတာ အဆိုးဆုံးအခြေအနေပဲ။

အိပ်ချင်သလိုလိုဖြစ်နေတတ်ပေမယ့် နိုးတစ်ဝက် အိပ်ပျော်တစ်ဝက်နဲ့ ပင်ပန်းလိုက်တာ။
တစ်ခါတစ်ခါ အသံကျယ်ကျယ်ကြားမိရင် သူ့အကြောင်းကို ရုတ်တရက် အတွေးရောက်သွားပြန်ပါရော။ အတိတ်ကအကြောင်းတွေ ပြန်သတိရတာနဲ့ အဲ့ဒီအချိန်က ကိစ္စတွေပြန်တွေးပြီး
အိပ်လို့မရတော့ဘူး။ ဆက်အိပ်လို့လည်းမရတော့တဲ့ အဆုံး မနက်အရုဏ်တက်တဲ့အထိ  မျက်လုံးကြောင်စီစီနဲ့ပဲ အချိန်ကုန်သွားတယ်။

ညလယ်ခေါင်တုန်းက ခဏခဏ အိပ်ယာကပြန်ထသေးတယ်။ အင်တာနက်ဖွင့်ပြီး စာဖတ်ဖို့လေ။ ဒါပေမယ့်လည်း နာရီဝက်အကြာမှာတင် လူက ထပ်ပြီး ပင်ပန်းလာသလို ခံစားရပြန်ရော။ ခုတင်ပေါ်မှာ ကျောပြန်ဆန့်လိုက်ပေမယ့် အိပ်လို့တော့မပျော်ပြန်ဘူး။

ကောလိပ်တုန်းကဆို ညသန်းခေါင်ထိ အိပ်မပျော်တဲ့အကျင့်ရှိဖူးတယ်။ အတန်းဖော်တွေကတောင် ကျွန်တော့်ကို ညဇီးကွက်လို့ ခေါ်ကြတယ်။

အဲ့ဒီတုန်းက ကျွန်တော် အိပ်ဆေးတွေ သောက်ဖို့တောင် ကြိုးစားကြည့်လိုက်သေးတယ်။
ဒါပေမယ့် အိပ်ဆေးတွေသောက်ပြီးနိုးလာရတဲ့ ခံစားချက်ကိုတော့ မကြိုက်ပါဘူး။

အသက် 35 နှစ်ထိ မင်းကို စောင့်နေမယ် (Translation)(completed)Där berättelser lever. Upptäck nu