ကျွန်တော် တစ်ခါတုန်းက ပရိဘောဂဆိုင်ကိုသွားတော့ အညိုရောင်ဆိုဖာစုံလိုက်ကို တွေ့မိလိုက်တယ်။ အကြီးကြီးနဲ့ ထိုင်လိုက်တာနဲ့ သက်သောင့်သက်သာရှိမယ့် ပုံစံလေး။ အဲ့ဒီမှာထိုင်လိုက်ရင် လူတစ်တစ်ကိုယ်လုံးရဲ့ တစ်ဝက်လောက်ကတော့ ဆိုဖာထဲ အိဝင်သွားမှာပဲ။
ဈေးနှုန်းကပ်ထားတာ ကြည့်လိုက်တော့ လေးထောင်ကျော်လောက်ပဲ။ကျွန်တော့်ရဲ့ခင်ပွန်းကို လှမ်းပြောလိုက်တယ်။
"ငါမင်းအတွက်အဲ့ဒါတွေကို မင်္ဂလာလက်ဖွဲ့ အနေနဲ့ဝယ်ပေးမယ်လေ"
သူက ကျွန်တော့်ဘက်ကို တအံ့တသြဖြစ်သွားတဲ့ပုံစံနဲ့ ကြည့်ပြီး
"အဓိပ္ပာယ်မရှိလိုက်တာ..." တဲ့။
အဲ့ဒီနောက်မှာတော့ ကော်ဖီသောက်တဲ့ စားပွဲခုံ လေးကို စိတ်ဝင်တစားပုံစံနဲ့ ကြည့်နေလေရဲ့။
သူ ဘာမှမဖြစ်သလို ဟန်ဆောင်နေတယ်ဆိုတာက ကျွန်တော်တောင် သိနေရတဲ့ဟာကိုများ......
အင်းလေ...ဒါပေမယ့် သူ့မှာ အဲ့လိုလုပ်ရုံကလွဲလို့ ဘာမှပြန်ပြောစရာရော လုပ်စရာရော မရှိတာကြောင့်နေပါလိမ့်မယ်။ ကျွန်တော်ကတော့ သူ့ကျောပြင်ကိုကြည့်ပြီး ပြုံးရုံလေးပဲ ပြုံးနေမိလိုက်တယ်။
အမှန်တစ်ကယ်ကို သူ့ကို တမင်တကာထေ့တာတို့ မျှော်ကိုးတာတို့မလုပ်တတ်ဘူးဆိုတာ သူမှမသိပဲ။
ကျွန်တော်တစ်ကယ်ကို သူ့အတွက် တစ်ခုခုဝယ်ပေးချင်နေခဲ့တာ......။(T/N:အပိုင်းတွေက တော်တော်လေးကိုတိုပါတယ်နော်။
ဒီstoryလေးကလက်တွေ့မှာရော ဒီထဲမှာရောလုံးဝtragedyပါပဲ။)Chapter 2
ကားဂိတ်ရောက်တဲ့အခါ ဘတ်စ်ပေါ်ကနေဆင်းတော့ နေဝင်ချိန်ရောက်နေခဲ့ပြီ။ ကျွန်တော်တို့နှစ်ယောက် အေးအေးလူလူပဲ အိမ်ပြန်လမ်းပေါ် ဆက်လျှောက်နေခဲ့တယ်။
ကျွန်တော် သူ့ဘက်ကိုလှည့်ကြည့်လိုက်တယ်။ နေဝင်ချိန်ရဲ့ ရွှေအိုရောင်သန်းနေတဲ့ နေချည်မျှင်တန်းလေးက သူ့မျက်နှာရဲ့ အနားသတ်လေးတွေကို နူးညံ့သွားစေသလိုပဲ။
သေသေချာချာကြည့်မယ်ဆိုရင်
သူ့နှာတံရဲ့ တစ်ဖက်တစ်ချက်စီတိုင်းမှာ ခပ်ပါးပါးမွှေးညှင်းလေးတွေကိုတောင် မြင်နေရတယ်။
YOU ARE READING
အသက် 35 နှစ်ထိ မင်းကို စောင့်နေမယ် (Translation)(completed)
Short Storyနန်ခမ်းဆိုတဲ့လူတစ်ယောက်ရဲ့ သူ့ရဲ့ချစ်သူဟောင်းကို အသက်သုံးဆယ့်ငါးနှစ်မတိုင်ခင်အထိ စောင့်နေမယ်ဆိုတဲ့အကြောင်းရေးသားထားတဲ့ ဒိုင်ယာရီလေးတစ်ခု.........။ myan trans start date= 21-10-2019 to 27-10.2019 Myanmar Translation(completed) Author(s)Nan Kang Bai...