True Star _ Volume -3 Chapter- 1 (ZawGyi+Uni)

Start from the beginning
                                    

အခု Tang Feng က Lu Tian chen ဘာလုပ်နေတယ်ဆိုတာသိပြီ။ Lu Tianchen ကလည်း Tang Feng ရဲ့ ပင်ကိုယ်လက္ခဏာကိုမှန်းဆနိုင်တယ်။ ပြန်လာတဲ့လေယာဉ်ပေါ်မှာ Lu Tianchen ရဲ့မေးခွန်းကို Tang Feng ကြားတဲ့အခါ Tang Feng က နည်းနည်းငယ်အံ့သြသွားတယ်။

 Lu Tianchen က သူ ဘယ်သူဖြစ်တယ်ဆိုတာ မှန်းဆနိုင်သွားပေမယ့် ဒီလို အမှန်တိုင်း သူ့ကို တိုက်ရိုက်ဖွင့်မေးလာမယ် မထင်မိခဲ့ဘူး။ Lu Tianchen ကလည်း သူ အမှန်တိုင်း ပြောခဲ့တာကို အံ့သြနေပုံရတယ်။  Tang Feng အမှန်ကို ၀န်မခံရဲလောက်ဘူး ထင်တာ အရမ်း ရယ်စရာ ကောင်းတယ်။
Lu Tian chen ရဲ့စိတ်နေစိတ်ထားမည်သို့ပင်ရှိနေပါစေ Tang Feng ၏ထင်မြင်ချက်အရ Lu Tian chen က " မင်းက Fiennes လား" လို့ မေးတာ ကြားလိုက်ရတော့ သူ အရမ်း ပျော်ခဲ့တယ်။

တဖက်သားက စိတ်လှုပ်ရှားနေတုန်း လျှို့ဝှက်ချက်အနည်းငယ်ကိုရှာဖွေတွေ့ရှိခဲ့တယ်။ မင်း စဉ်းစားလေလေ ၊ လူများယုံကြည်လာအောင်လုပ်ဖို့ ခက်ခဲလေဖြစ်သည်။ Tang Feng က အခု သူ့လျှို့ဝှက်ချက်ကိုပြောပြရင် တောင်တခြားသူတွေ ကအဲဒါကိုနှိုင်းယှဉ်လိမ့်မယ်လို့မထင်ခဲ့ပါဘူး။ ဒါကြောင့်အစကတည်းကဘာကိုမှ သူ မျှော်လင့်မထားခဲ့ပါ။ မျှော်လင့်ချက် နည်းလေလေ ပိုပြီး စိတ်လက်ပေါ့ပါး ပျော်ရွှင်ရလေပဲဖြစ်တယ်။

 [Tang Feng က Tang Feng၊ Fiennes က Fiennes ဖြစ်တယ်လို့ ထင်သလား]

 သူသည် Lu Tianchen ၏မေးခွန်းကိုအပြုသေ ဘာမဖြေခဲ့ ပေမယ့် တစ်ဖက်လူက သူ ဘာကို ဆိုလိုတယ်ဆိုတာ ကောင်းကောင်း နားလည်တယ်ဆိုတာ သူ သိလိုက်တယ်။
Tang Feng (သို့) Fiennes ။

တကယ် ထက်မြက်တဲ့လူတွေက နောက်ဆုံး ဘာလုပ်ရမယ်ဆိုတာ သေချာသိကြတယ်။ သူတို့က တွေဝေနေတာမျိုး မရှိဘူး။ Tang Feng က ဘယ်သူဖြစ်တယ်ဆိုတာကို သိလည်းပဲ Lu Tianchen အတွက် ဘယ်လို အထူးအဓိပ္ပာယ်ရှိသလဲ။ ထူးထူးခြားခြား အဓိပ္ပာယ်မရှိရင် သူများရဲ့ အတွင်းစိတ်က ဘယ်သူဆိုတာ သိချင်စိတ်ရှိဖို့ မလိုအပ်ပါဘူး။ 

Tang Feng?
Fiennes?

Tang Feng ရဲ့ စိတ်မကောင်းစရာဝေဝါးသောအဖြေတွေက  Lu Tianchen ကို စိတ်ထဲ အမြဲတွေးမိနေစေတယ်။ Tang Feng ကြောင့် Lu Tianchen က သူ့တွင်းရေးမှုးကို  Fiennes နှင့် ပတ်သတ်တဲ့ သတင်း အားလုံးကို ရှာပေးဖို့ ခိုင်းခဲ့တယ်။ ဒါက စုံစမ်းတာမဟုတ်ပဲ ပိုပြီး အသေးစိတ် သိချင်ရုံပဲဖြစ်တယ်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now