အပိုင်း-၂၂ (Zawgyi + Unicode)

Start from the beginning
                                    

ရှောင်လင်းလည်း ခဏလောက်တွေးပြီး “သခင်၊ သခင့်ရဲ့သစ္စာရှိရှိနဲ့အသက်ကိုတောင်စွန့်ပြီး ကျောက်စိမ်းတိမ်လွှာပုလဲကိုယူပြတဲ့ အကွက်ကိုပြသွားတယ်လေ၊ အဲ့မှာတင်ပဲထုံးစံအတိုင်း နတ်ဆိုးဘုရင်ကြီးက ရင်ထဲထိသွားတာဖြစ်မယ်”

ရှောင်လင်း ဒီလိုမျိုှးရှင်းပြလိုက်တော့မှပဲ ပိုင်ရန်နားလည်သွားတော့တယ်။ ရှဲ့ဇီထျန်းရဲ့ဇာတ်ကောင်က နတ်ဆိုးနယ်မြေမှာဆို မောက်မာပြီး အကြင်နာတရားမဲ့နေပေမယ့် နတ်ဆိုးဘုရင်အပေါ်ထားတဲ့သစ္စာကတော့ မေးခွန်းထုတ်စရာတောင်မလိုဘူး။

နောက်ဆုံးတစ်ခေါက် သူတို့စကားပြောကြတုန်းကဆို နတ်ဆိုးဘုရင်ကြီးက သူစိတ်ဆိုးရတဲ့အကြောင်းအရင်းက ပိုင်ရန်ကျောက်စိမ်းတိမ်လွှာပုလဲကိုယူတဲ့နည်းလမ်းက လွဲနေတာကြောင့်သာဖြစ်တယ်လို့ဆိုတယ်။

ခုတော့ ဒါတွေအဓိပ္ပါယ်တော့ရှိသားပဲ။

သို့သော်ငြား နည်းနည်းတော့ထူးဆန်းနေသေးတယ်။

နတ်ဆိုးဘုရင်ကြီးက သူ့ကိုခွင့်လွှတ်တယ်ဆိုပေမယ့်လည်း အခုဟာကြီးက သူ့အပေါ်အရမ်းကြီးကောင်းမနေဘူးလား?

သူဘာလို့ငါ့အပေါ်ကောင်းပေးနေတာလဲ? ငါ့အပေါ်အနိုင်ယူချင်နေတာလား? ဒါပေမယ့်လည်း အဲ့တာကလိုမှမလိုတာကြီးကို! ရှဲ့ဇီထျန်းက နဂိုတည်းကသူ့ရဲ့သစ္စာရှိခွေးလေးပဲလေ…

သူဘယ်လိုပဲတွေးတွေး ဒီလိုအကြောင်းပြချက်ပဲထွက်လာတယ်။

“နတ်ဆိုးဘုရင်ကြီးက ကြည့်ရင်တော့သွေးအေးသလိုပေမယ့် လူကောင်းတစ်ယောက်ပါ” ပိုင်ရန်တိတ်တိတ်လေး သူ့ကိုသူသက်သာအောင်လုပ်နေတယ်။ Systemရှောင်လင်းကြောင့်သာမဟုတ်ရင် သူဘယ်လိုဖြစ်ခဲ့မှန်းတောင် သိရမှာမဟုတ်ဘူး။

ဘာအကျိုးအမြတ်မှမယူဘဲ ကောင်းတဲ့အရာတွေလုပ်တယ်ဆိုတာက သာမာန်လူတွေလုပ်နိုင်တဲ့အရာမဟုတ်ဘူး။

ဒါကသူဟာလူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ သက်သေပြနေတာပဲ။

သို့သော်လည်း အကြင်နာမဲ့တဲ့နတ်ဆိုးဘုရင်ကြီးက လူကောင်းလိုဖြစ်နေတာကြီးကတော့ ကြည့်ရတာဒိတ်အောက်လိုက်တာ။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now