Chapter - 11 (Unicode)

3.6K 216 2
                                    

You … Because it's you
I can be anyone with you

×××××××××××××××

"ဟဲ့ ယွန်း ... တပြုံးပြုံးနဲ့ပါလား"

ယွန်း နဲ့ ခ မှာ official couple ဖြစ်သွားပြီးနောက် ယွန်း... ဧကရီ ကို ပြောပြရန်ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် အဲ့နေ့ ရဲ့ နောက်တစ်နေ့မှာပဲ ဧကရီ နဲ့တွေ့ရန် ဧကရီ့အကြိုက် Pizza ဆိုင် တွင်ချိန်းခဲ့ခြင်းဖြစ်သည်။

"ရာသီဥတုတွေက အပြောင်းအလဲ သိပ်မြန်တယ်နော် ... ဟိုတစ်နေ့ကတော့ မူးရူးကွဲပြဲ နေတာ နင် မဟုတ်တဲ့အတိုင်းပဲ ... အခုတော့လည်း သွားကြီးဖြီးပြီး တပြုံးပြုံးနဲ့ ... အရောင်တွေကို ထွက်လို့ ... ငါကြောက်တောင်ကြောက်လာပြီ"

ဤသို့ အပိုတွေ သိပ် ပြောတတ်လွန်းသူမှာ ကျွန်မ ၏သူငယ်ချင်း ဧကရီ ဖြစ်ပါသည် ...

Pizza ဆိုင်တွင် သူကြိုက်သော Pizza ကို မှာထားပြီး စောင့်နေရာမှ ယွန်း လည်း လာကော ရောက်သည်နှင့် မျက်နှာကို စေ့စေ့ကြည့်ပြီး အကဲခတ်နေလေသည်။ ယွန်းက သူပြောတာတွေကို ဘာမှပြန်မပြောဘဲ pizza ကောက်ဝါးပြီး ပြုံး၍သာနေလေသည်။

"ငါနင့်ကို ရောက်လာကတည်းက ကြည့်နေတာ ... ပြုံးစိစိနဲ့ မသင်္ကာစရာပဲ ... ဧကန္တ နင် ငါ မသိအောင် ရည်းစားတွေ ဘာတွေ ခိုးထားနေတာတော့မဟုတ်ပါဘူးနော်?"

"အင်း"

"ဘာလဲဟ 'အင်း' က?"

"အေး လို့ ရည်းစားခိုးထားနေတာ hkhk"

"နောက်ရင်လည်း ပီပီပြင်ပြင်နောက် ဟာ… ကြိုးစားလိုက်ဦး သမီး"

ယွန်း က ဘာမှ ပြန်မပြောဘဲ လက်ထဲက မုန့်ကိုသာ တစ်ကိုက်ပြီးတစ်ကိုက်ဝါးနေလေသည်။ ယွန်း စကားကို မှန်၏ မမှန်၏ လေ့လာနေသော ဧကရီ မှာ မနေနိုင်တော့ဘဲ ...

"ဟဲ့ ယွန်း ... နင် တကယ်ပြောနေတာတော့ မဟုတ်ပါဘူးနော်?"

"ရော် ခက်ပြီ ... ရည်းစားထားနေတာလား မေးလို့ အင်း လို့ ပြန်ဖြေတော့လည်း မယုံသင်္ကာ အရူးမီးဝိုင်းနဲ့ ...နင်ဘာဖြစ်နေတာလဲ? စားနေတဲ့pizza လေးတောင် အရသာပျက်တယ်"

"what???? ဒါဆို တကယ်ကြီးပေါ့ ... ဘယ်သူလဲ? ဘယ်ကလဲ? ချောလား? ဘာအလုပ်လုပ်တာလဲ? နင်နဲ့ရွယ်တူလား? wait ... အသူရာလား? နင်က ဘယ်ယောကျ်ားလေးနဲ့မှ တွဲသွားတွဲလာမရှိတာကို ... သူပဲ ဖြစ်မှာ ... ဟုတ်တယ်မလား?"

With you <3 [COMPLETED]Where stories live. Discover now