6.5

4.1K 267 1
                                    


ဘယ်တော့မှ
မျက်ရည်ဆိုတဲ့
ကြယ်ပွင့်လေးတွေ ဆီက
မစီးဆင်းပါစေနဲ့...

နာကျင်ခြင်း ဆိုတာကို
မင်းထက်ပိုပြီး
ကိုယ်မို့လို့ပါ...

****************

#180405

===========

အကြည့်ချင်းဆုံတိုင်း
ကိုယ် ပျော်ဝင်မိသွားတဲ့
စိတ်တံခါးပေါက်လေးတွေကို
သူတို့ကတော့ မျက်လုံး တွေ လို့ခေါ်ကြတယ်
ကိုယ်ကတော့ ကြယ်ပွင့်လေးတွေလို့ ခေါ်မယ်
အဆုံးမဲ့ အိပ်မက်တွေဆီ
လမ်းပြခေါ်ဆောင်သွားပေးလို့...

အဲ့ဒါကြောင့် ... ကျေးဇူးပြု ပြီး
ဘယ်တော့မှ
မျက်ရည်ဆိုတဲ့
ဝမ်းနည်းခြင်းအမှတ်အသားကို
ကြယ်ပွင့်လေးတွေ ဆီက
မစီးဆင်းပါစေနဲ့...

နာကျင်ခြင်း ဆိုတာကို
မင်းထက်ပိုပြီး
အတိုင်းအဆမရှိ ခံစားရတာ
ကိုယ်မို့လို့ပါ...

****************

#180405

With you <3 [COMPLETED]Where stories live. Discover now