Chapter-9B (Unicode)

3.9K 215 4
                                    

ယွန်း တဆစ်ဆစ်ကိုက်ခဲနေသော ခေါင်းထဲက ဝေဒနာ ကြောင့် မျက်လုံးမဖွင့်ချင်ဖွင့်ချင်ဖြင့် ဖွင့်လိုက်ရသည်။ မျက်လုံးဖွင့်လျှင် ဖွင့်ချင်း ရင်းနှီးနေသော အဖြူ ရောင် မျက်နှာကျက်ကို မျက်နှာမူမိ၍ ကိုယ့်အခန်း ဖြစ်ကြောင်း ဦးနှောက်မှ အချက်ပြလေသည်။

ခေါင်းထဲပထမဆုံး ရောက်လာတဲ့ အတွေးက ငါ ဘာကြောင့် ဒီလောက် ခေါင်းတွေ ကိုက်နေရတာလဲဆိုတာပင် …

ထိုမှတစ်ဖန် မနေ့က အကြောင်းတွေ ခေါင်းထဲအစီအရီ ပေါ်လာလေသည်။

မနေ့က ဧကရီအဖန်ဖန် တားနေသည့်ကြားကပင် cocktail ဆိုလားဘာဆိုလား အဲ့ဒါကို သောက်လိုက်တယ် … အဲ့နောက် အသိစိတ်တွေ ထိန်းမရတော့တာပဲ …

နောက်ဆုံး မှတ်မိသည်က ဖုန်းကောက်ကိုင်ကာ ဖုန်းခေါ်နေမိတာကိုပင် … ဘယ်သူ့ကိုလဲ မမှတ်မိ … အဲ … မှတ်မိတယ် ခ ကို … OMG ခ ကို …

ဂါးးး … ဒီလောက် စိတ်ကိုအတန်တန် ထိန်းနေတဲ့ကြားက … 😣

ရှေ့ဆက်စဉ်းစားတော့ club ကို ခ လိုက်လာသည်မှာ တကယ်လား အိပ်မက်လား မသဲကွဲပေ။ ခ ကိုတော့ တစ်ချက်တစ်ချက် တွေ့မိလိုက်သလို … ငါပဲ လွမ်းနေလို့ ထင်ယောင်ထင်မှားတွေ ဖြစ်တာနေမှာပါ …

အိပ်မက်ဆိုလို့ … ညတုန်းက အိပ်မက်ထဲမှာ ခ ကို နမ်းလိုက်တယ် ငှဲငဲှ 😎 … နူးညံလွန်းတဲ့ နှုတ်ခမ်းလေးတွေကို တကယ်ကြီး ခံစားလိုက်ရတာ … It's so real … တွေးရင်းနဲ့တောင် လွမ်းလာပြီ … ခုနေ ခ ကို တွေ့ရရင် သိပ်ကောင်းမှာပဲ …

ရုံးမှာ တွေ့ရင် ရတာပဲ … မြန်မြန် ရုံးသွားရမယ် …

Wait … ဘယ်နှစ်နာရီတွေတောင် ထိုးနေပြီတုန်း …  သြော် ဒီနေ့ စနေပဲ ရုံးပိတ်တယ် … ဘာလဲ အဲ့ဒါဆို ဒီနေ့ ခ ကို မတွေ့ရဘူးပေါ့ …

ယွန်း တစ်ယောက်တည်း အတွေးတွေ ဖြင့် ယောက်ယက်ခတ်နေလေသည်။ အရင်လို အကြောင်းတစ်ခုခုပြပြီး တွေ့ရအောင်လည်း အခု ကိုယ်နဲ့သူ အခြေအနေအရ အဲ့လိုလုပ်လို့မရပေ။

Garrrrrrr … Arrrrrrrrr …

ဂါး ဆိုသည်မှာ စိတ်တိုခြင်းဖြစ်ပြီး အားဆိုသည်မှာ ရုတ်တရက် ခေါင်းထဲ စူးစူးဝါးဝါး ထိုးကိုက်လာမှု ကြောင့်ဖြစ်သည်။

With you <3 [COMPLETED]Where stories live. Discover now