Chapter - 7 (Unicode)

3.7K 232 1
                                    

The one who is falling in love;
is the one who loses
in this tug of heart war

××××××××××××××××××××××

"ယွန်း … ကိုယ်ဒီမှာ"

ကော်ဖီဆိုင်ရဲ့ ထောင့်ကျကျနေရာတွင် ထိုင်နေပြီး ပြုံးကာ လက်ပြနေသော သူမှာ အသူရာပင် ဖြစ်သည်။ ဆံပင်ကို သေသပ်စွာ ဖီးသင်ထားပြီး အနက်ရောက် ရှပ်အကျီ ၤကို လက်တစ်ဝက်ခေါက်တင်ကာ အကျီ ၤ ကြယ်သီးကို တစ်လုံးစ နှစ်လုံးစ ဖြုတ်ထားပုံမှာ လူငယ်ဆန်ပြီး စမတ်ကျနေသည်။

"စောင့်နေတာကြာပြီလား ကိုသူ?"

ယွန်း က နှုတ်ဆက်စကားပြောရင်း အသူရာ ရဲ့ ရှေ့တွင် မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်သည်။

"မကြာသေးပါဘူး … ဖွင့်ထားတဲ့ သီချင်းတွေ နားထောင်ပြီး နံရံက ဓာတ်ပုံတွေလိုက်ကြည့်နေတာနဲ့ အချိန်ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ဘူး ဟက်ဟက်"

"ဟုတ်ပါပြီ"

အနားနားလာရပ်တဲ့ စားပွဲထိုးလေးကို ယွန်း  ကော်ဖီတစ်ခွက်မှာတော့ အသူရာကလည်း တစ်ခွက်လိုက်မှာလိုက်သည်။

"အလုပ်တွေအဆင်ပြေလား ကိုသူ?"

"အင်း အလုပ်တွေကတော့ ပြေပါတယ် … မပြေတာက ကိုယ်"

"ဟင် … ကိုသူက ဘာဖြစ်လို့လဲ?"

"တစ်ယောက်ယောက်ကို လွမ်းနေခဲ့ရလို့ပေါ့ကွာ"

ပြောရင်း အသူရာ က ယွန်းကို ရီဝေဝေ စိုက်ကြည့်သည်။ ဒီနေရာမှာ တခြားမိန်းကလေး တစ်ယောက်သာဆို ချက်ချင်းပျော်ဆင်းသွားမှာ သေချာသည်။ ယွန်း အတွက်ကတော့ လေပြည်လေးတစ်ချက်တိုက်သလိုတောင် မတုန်လှုပ်ပေ…

"ဟဟ … ဟုတ်လား … အဲ့ တစ်ယောက်အကြောင်းကို နောက်မှ ပြောကြတာပေါ့ … အခုတော့ အလုပ်ကိစ္စ ပြောကြမယ်လေ … ဒါနဲ့ ကိုသူ က နိုင်ငံခြားရောက်နေပြီး ယွန်း ရဲ့ project အကြောင်းဘယ်လိုသိတာလဲ?"

"ဒီလိုပဲပေါ့ ဟင်းဟင်း"

ှဗိုလ်အောင်ဒင် ဒီဇိုင်းနဲ့ ပြန်ဖြေတဲ့ အသူရာ ကြောင့် ယွန်း ရယ်မိလိုက်ပါသေးသည်။ ထို့နောက် အသူရာအား project အကြောင်းအသေးစိတ် ရှင်းပြနေလိုက်သည်။ အသူရာကတော့ ခေါင်းလေးတညိမ့်ညိမ့်ဖြင့် ယွန်းပြောတာကို ဂရုတစိုက် နားထောင်နေလေသည်။

With you <3 [COMPLETED]Όπου ζουν οι ιστορίες. Ανακάλυψε τώρα