Chapter - 2 (Unicode)

4.3K 283 0
                                    

Rain ... because of u... there is a love blossoms in my heart <3

+++++++++++++++++++++++++++++

နေ့တစ်နေ့၏မနက်ခင်းလေးသည် သည်းကြီးမည်းကြီး အငြိုးနှင့်ရွာနေသော မိုးကြောင့် အေးစိမ့်မှုက ပတ်ဝန်းကျင်တစ်ခုလုံးကို သိုင်းခြုံထားလေသည်။ မည်မျှပင် သည်းသောမိုးဖြစ်နေပါစေ ...နေရာအသီးသီးမှလူတို့သည် လောကဒဏ်ကို အံတုကာ နိစ္စဒူဝ ကိစ္စရပ်များကို လုပ်ဆောင်ကြရပေဦးမည်။

မိုးစက်များရော လေပြင်းများကိုပါ အံတုကာ ထီးအဝါလေးတစ်လက်သည် တက္ကသိုလ်ဝင်း ထဲ လမ်းတစ်ခုပေါ်တွင် တရွေ့ရွေ့ နှင့် ... ထိုထီးကလေး၏ အောက်တွင်တော့ ~ မျက်မှန်ခပ်ထူထူ... မကျဉ်းမကျယ်ပုခုံးနှစ်ဖက်ပေါ်တွင်အုပ်မိုးကျနေသော မဖြောင့်မကောက် သဘာဝအတိုင်းလေးရှိနေသည့်ဆံပင်နက်နက်တို့... မိတ်ကပ်ပေါင်ဒါတို့ခြယ်သထားခြင်းအလျင်းမရှိဘဲ သနပ်ခါးရေကျဲကိုမှ ခပ်မြန်မြန်ပွတ်သပ်လာခဲ့သောမျက်နှာဖောင်းဖောင်းလေး... မျက်နှာတစ်ခုလုံးတွင်မှ အထူးခြားဆုံးဖြစ်သော သဘာဝအတိုင်းနီစွေးစွေးလေးဖြစ်နေသောနှုတ်ခမ်းပါးလေးများ...ထိုအရာတို့၏ ပိုင်ရှင်ကတော့ အရပ်မနိမ့်မမြင့်အနေတော်လောက်ရှိသည့်ကောင်မလေးတစ်ယောက် ... ခပ်ရိုးရိုးအဝတ်အစားတို့သည် မိုးစက်တို့၏ အဆက်မပြတ်တိုက်ခိုက်မှုကြောင့် စိုရွှဲလျက် ...

"ဒီအဆောင်ကပဲ မလားဟင် ... အဆောင်ဝရောက်တဲ့အထိလိုက်ခဲ့ပါရစေနော်"

"အော် အရေးထဲ ... တစ်ယောက်တည်းတောင်မလုံရတဲ့အထဲ " ဟု စိတ်ပေါက်ပေါက်တွေးကာ ကိုယ့်ထီးအောက် တရားဝင်ခွင့်ပြုချက်တောင် မရသေးဘဲ ရောက်ရှိနေသော ထိုအသံပိုင်ရှင်အားခပ်ချေချေ ကြည့်လိုက်မိသည်။

"အိုးဂေါ့ ... ချောလိုက်တာ... အယ် ... တတ်လည်းတတ်နိုင်တဲ့စိတ် ... ခုနက မကျေနပ်သံတွေက သူ့ဆီက မဟုတ်သလိုပဲ" ဟု စိတ်ထဲတွင် တစ်ယောက်တည်း ရန်ဖြစ်နေသူက ထီးအဝါပိုင်ရှင်ဖြစ်သူ ယွန်းတိမ်လွှာ ...

လှပခြင်းအပေါင်းတို့ တစ်နေရာတည်း စုပေါင်းထားသကဲ့သို့ ပြီးပြည့်စုံနေသော ထို အသံပိုင်ရှင်သည် မိုးရွာနေ၍ ရေမှုန်လေးများတွဲလွဲခိုနေသော မျက်မှန်၏ နောက်ကွယ်တွင်ရှိသော ယွန်း၏မျက်လုံးတို့နှင့်အကြည့်ချင်းဆုံလေသောအခါ ပြုံးပြ၍ လာသည်။

With you &lt;3 [COMPLETED]Where stories live. Discover now