အပိုင်း-၁၉ (Zawgyi + Unicode)

Start from the beginning
                                    

"အကိုကြီး၊ အဲ့လိုလုပ်လို့မဖြစ်ဘူး! အကိုကြီးသာ ကျောင်ချင်းအာရဲ့ဖြူစင်မှုကို သိမ်းပိုက်လိုက်မယ်ဆိုရင် သူမကသူ့လည်ပင်းသူလှီးလိုက်လိမ့်မယ်၊ အဲ့လိုဆို ခဗျားလည်း ကျောက်စိမ်းတိမ်လွှာပုလဲကိုရတော့မှာ မဟုတ်ဘူး!" ဇာတ်လိုက်က သူ့နောက်ကနေ လှမ်းအော်လိုက်တယ်။

သူ့စကားတွေကြောင့် ပိုင်ရန့်လက်တွေလည်း ရပ်တန့်သွားတယ်။

ကျောင်ချင်းအာကလည်း ဥာဏ်ကောင်းတယ်။ သူမခါးမှာရှိနေတဲ့ဓားကိုဆွဲထုတ်ပြီး လည်ပင်းမှာဖိထားလိုက်တယ်။ "အဲ့မှာပဲနေနော်! အနားကိုထပ်ကပ်လာရင် ရှင့်ရှေ့မှာ ကျွန်မသေသွားတာပဲ မြင်ရလိမ့်မယ်!"

အသည်းလေးရေ ငါ့မှာကလေ မင်းလက်ထဲကဓားကို အဝေးကိုပုတ်ချနိုင်ဖို့နည်းလမ်းတွေ အများကြီးရှိတယ်သိလား။ ဒီအတိုင်း ကိုယ့်ဘာသာကိုယ်သတ်သေသွားအောင် လုပ်လိုက်လို့လည်းရတယ်။

ဒါပေမယ့် အဲ့လိုလုပ်လို့မရဘူး...

ပိုင်ရန် ထိုနေရာမှာပဲရပ်နေပြီး တွန့်ဆုတ်နေသလို လုပ်နေတယ်။ သူ့မျက်ဝန်းတွေကို မှေးကျဉ်းပြီး "မင်းက ငါ့ကိုလာခြိမ်းခြောက်နေတာလား?"

"အစ်ကိုကြီးရာ၊ ဘာကြောင့်များ ကောင်မငယ်လေးတစ်ယောက်ကို အတည်ကြီးတွေဖြစ်နေတာလဲ? ကာမဆက်ယှက်တယ်ဆိုတာက နှစ်ဦးနှစ်ဖက်စိတ်ပျော်မှ အကောင်းဆုံးဖြစ်တာလေ၊ သူမကိုကြည့်လိုက်ပါအုံး! သူမကလှတယ်ဆိုပေမယ့် ငိုနေတဲ့မျက်နှာက အရမ်းရုပ်ဆိုးတယ်၊ သူမကငိုယိုပြီး ဆူညံနေမယ်ဆိုရင် စိတ်ရှုပ်စရာမကောင်းဘူးလား? ထပ်ပေါင်းပြောရရင် ဒီနေရာကြီးက ဒီလောက်ညစ်ပတ်ရှုပ်ပွနေတာ... သူမကလည်း ရေတောင်မချိုးရသေးဘူး၊ သူမနဲ့အိပ်ချင်တယ်ဆိုရင် အနည်းဆုံးတော့ တညးခိုခန်းတစ်ခုရှာပြီး ရေချိုးခိုင်းသင့်တယ်မှတ်လား?"

စာအုပ်ထဲမှာ ကျိုးရင်ကအတော်လေး ဥာဏ်ပြေးတယ်။ ရင်ဆိုင်နေရတဲ့အခြေအနေပေါ်လိုက်ပြီး အလျင်အမြန်စကားချိုချိုရှာပြောပြီး အမှတ်ကောင်းရအောင်လုပ်တတ်တယ်။

ပိုင်ရန်ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မျက်မှောင်ကြုတ်သွားတယ်။ သူကိုယ်တိုင်လည်း ဒီနေရာကြီးမှာနေရတာ သက်သောင့်သက်သာမရှိလှဘူး။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now