အပိုင်း-၁၆ (Zawgyi + Unicode)

Start from the beginning
                                    

ပိုင်ရန်တစ်လှမ်းချင်းစီ လျှောက်သွားရင် အစာအိမ်ကတောင့်တင်းလာတယ်။ နောက်ဆုံးတောင့်တင်းတာတွေ ပြေလျော့သွားမှ နန်းတော်ထဲမှာနေရတာက အတော်ဆိုးတယ်လို့ခံစားမိတယ်။ လူသားနယ်မြေကိုသွားဖို့အတွက် အကြောင်းပြချက်ရတယ်ဆိုရင်တောင်မှပေါ့။ [T/N: ကြောက်လွန်းလို့ ကလေးခမျာ ချက်ထွီးသွားတယ် >.<]

ရှိသမျှအားလုံးက အတုအယောင်တွေချည်းပဲ၊ အစစ်အမှန်ဆိုလို့ taskတွေပဲရှိတယ်။

ပိုင်ရန့်ရင်ထဲမှာတော့တစ်ခုပဲရှိတယ်... ဇာတ်လိုက်ကို အဆင့်တက်သွားအောင် ကူညီရမယ်။

သူ့အိမ်တော်ကိုပြန်ပြီး ထိုက်ချိလေ့ကျင့်ရလည်း ကိစ္စမရှိဘူး။ သူနတ်ဆိုးဘုရင်ယုံးယဲ့ကို ကျောက်စိမ်းတိမ်လွှာပုလဲကို ယူလာပေးမယ်လို့ ကတိပေးခဲ့တော့လည်း ပြီးဆုံးအောင်လုပ်ပေးရတော့မှာပေါ့။ ပိုင်ရန်တစ်ရက်နှစ်ရက်လောက်နားနေလိုက်ပြီး ဂိတ်ပေါက်ပွင့်လာတဲ့အခါ နတ်ဆိုးနယ်မြေကနေ ထွက်လာခဲ့လိုက်တယ်။

သူလူသားနယ်မြေကိုရောက်တဲ့အခါ ထပ်မစောင့်နိုင်တော့ဘဲ တိမ်လွှာပျံဝဲဂိုဏ်းဆီကို အလျင်အမြန်ဦးတည်လိုက်တယ်။

ဇာတ်လမ်းထဲမှာ ဇာတ်လိုက်က ၀ှက်ပန်းတံလျပ်ကနေထွက်လာတဲ့အချိန်မှာ လူတိုင်းကသေနေပြီ။ သူတစ်ယောက်တည်းသာရှင်သန်နေခဲ့တဲ့အပြင် လက်နက်အဖြစ် နဂါးနိုင်ဓားကိုတောင်ရခဲ့လိုက်သေးတယ်။ သူကတစ်စုံတစ်ယောက်ရဲ့အစေခံသာဖြစ်ပြီး နဂါးနိုင်ဓားကို ရလိုက်တဲ့အပြင် သတ်ဖြတ်ပွဲမှာတောင် ရှင်သန်ကျန်ရစ်ခဲ့တာကြောင့် ချက်ချင်းကို လူအုပ်စုရဲ့မသင်္ကာမှုကို ခံရတော့တယ်။

ဇာတ်လိုက်က သူ့ပါးစပ်ကိုဖွင့်ဟပြီး အရာအားလုံးကပြင်ပကအရာတွေကြောင့် ဖြစ်ရတာပါလို့ပြောရင်တောင် တစ်ယောက်မှသူ့ကို မယုံကြည်ကြဘူး။ နတ်ဆိုးတွေက သူတို့ကျန်နေတဲ့ သဲလွန်စတွေကို အကုန်ရှင်းလင်းသွားခဲ့ကြတာ။ ဒါကြောင့် ဇာတ်လိုက်ကသူ့ကို သံသယဖြစ်နေတာတွေကို ပျောက်သွားအောင် မရှင်းနိုင်ဘူးဖြစ်နေတယ်။

လူတွေအများကြီးသေသွားရတယ် ပြီးတော့လည်း သူတို့အကုန်လုံးကငယ်ရွယ်ပြီး မြောက်မြားစွာသောအဖွဲ့ခွဲတွေက အရည်အချင်းရှိတဲ့လူငယ်လေးတွေဖြစ်တယ်။ ဒီလိုအရည်အချင်းရှိတဲ့လူငယ်လေးတွေက အားလုံးသောကျင့်ကြံခြင်းလောကရဲ့ အရင်းအမြစ်နဲ့ အင်အားတွေဖြစ်ပြီး ဒီတိုင်းဘာမှမဟုတ်ဘဲ သေကုန်ကြရတယ်။ သဘာဝကျကျပဲ အဖွဲ့ခွဲတွေလိုချင်တာက တရားဝင်အခြေအနေတစ်ခုကို လိုချင်ကြတယ်။ ဒါကြောင့် တိမ်လွှာပျံဝဲဂိုဏ်းကနေ ရှင်သန်နေခဲ့တဲ့တစ်ယောက်သောသူကို ရှင်းပြပေးဖို့အတွက်တောင်းဆိုတော့တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now