'ယွန်းနီး..ဟျောန်း ဘယ်လိုနေလဲဟင်။ '
သူ့မေးခွန်းအား မကြားချင်ယောင်ဆောင်ကာ ယွနး်နီး ကလှေကားပေါ်တက်သွားသည်။
မဖြစ်...ဒီအဖြေကိုတော့ သူမသိလို့မဖြစ်ပါ။
' ယွန်းနီး...ကို တောင်းပန်ပါတယ်။ကို ဘယ်သူ့ကိုမှမတာင်းပန်ဖူးဘူး။ကို တစ်ကယ်ကိုတောင်းပန်ပါတယ်။ပြောစမ်းပါ...ဟျောန်း အခြေအနေ ဘယ်လိုနေသေးလဲဟင်။ '
သူပြာပြာသလဲဖြင့် မေးမိတော့မှ ယွန်းနီး ကသူ့ဘက်လှည့်လာသည်။လှေကားပေါ်မှနေ၍သူ့အား ငုံ့ကြည့်နေသော မျက်ဝန်းတွေမှာ မျက်ရည်စတွေရစ်ဝိုင်းနေလျက်။ထို့ပြင် အချိန်အတော်ကြာအောင် ငိုကြွေးခဲ့ဟန်ဖြင့် မျက်ခွံတွေမို့အစ်နေသည်။
' ရှင် ကိုကို့ကို ကလဲ့စားချေဖို့ဆန္ဒတစ်ခုတည်းနဲ့ ဒီနေရာကိုရောက်လာခဲ့တာမဟုတ်လား။ကိုကို့ကို မုန်းတီးနေတဲ့၊မမြင်ချင်တော့တဲ့ ရှင့်ဆန္ဒတွေ မကြာခင်ပြည့်ဝတော့မှာပါ။မပူပါနဲ့။ဆရာဝန်ကြီးက ကိုကိုကို့ ဆေးရုံဆင်းခွင့်ပေးလိုက်ပြီ။သူနေချင်တဲ့နေရာမှာ ပေးနေပြီး သူ့ကိုစိတ်ချမ်းသာအောင်ထားလိုက်ပါတဲ့။ကိုကို မနက်ဖြန် ဆေးရုံကဆင်းလိမ့်မယ်။ '
ဟျောင်း.... သူဝမ်းနည်းစွာ တီးတိုးခေါ်ရင်း ဒူးညွတ်ကျသွားရသည်။
နာကျင်ဝမ်းနည်းစိတ်က ဆောက်တည်ရာမရနိုင်။
' ကျွန်မ အရမ်းတုံးတယ်...အရမ်း တစ်ကိုယ်ကောင်းဆန်တယ် သိလား။ကိုယ့် အစ်ကိုတစ်ယောက်လုံး ဒီလောက်ဆိုးရွားတဲ့ နှလုံးရောဂါဖြစ်နေတာကို မသိခဲ့ဘူး။အဟက်...ဒီလောက်ဆေးတွေအများကြီးကို အားဆေးတွေပါတဲ့..အိမ်မပျော်လို့သောက်တဲ့ဆေးတွေပါတဲ့..ဒီက ငတုံးမကြီးကလည်း ယုံခဲ့တာပဲ ဟား..ဟား.. '
မျက်ဝန်းထဲမှ မျက်ရည်တွေတတွေတွေစီးကျနေရင်းဖြင့် ယွန်းနီး ကခြောက်ကပ်စွာအော်ရယ်သည်။အခုရင်ဆိုင်နေရသော အခြေအနေကို သူ့လိုပင်ယွန်းနီးလည်း လက်ခံချင်သေးပုံမရ။
YOU ARE READING
Plot Twist (COMPLETE)
Fanfiction' ကိုယ်ပိုင်ဆိုင်ရမှာက နောင်တတွေဆိုရင် မင်းပိုင်ဆိုင်ရမှာက တစ်သက်လုံးဖြေဆည်လို့ မရနိုင်တဲ့ ဝမ်းနည်းမှုတွေပဲ.....' Paring - Jimin x Jungkook Original Novel-' အိပ်မက်ထဲက ကာရံချို ' by ' အိုစွမ်းပြည့်'
Final Part 1
Start from the beginning
