' ဆေးရုံကို....ဘယ်သူဆေးရုံတက်နေရလို့လဲ။ '

' ရှင်....သူဌေးလေး ဆေးရုံတက်နေရတာလေ..ဆရာမသိဘူးလား။ '

စီးကရက်တိုကိုကိုင်ထားသော သူ့လက်တွေတည်ငြိမ်မှုမရှိတော့။လောင်မြိုက်နေသော အပူလုံးကြီးတစ်လုံးက ရင်ဝကိုဒိန်းကနဲလာဆောင့်သည်။

' ဟျောန်း...သူ..သူဘာဖြစ်လို့လဲ။ကျွန်တော်လည်း ဘာမှမသိရပါလား။ '

'အစ်ကိုလေးတို့ အိမ်တွင်းရေးအဆင်မပြေလို့ မပြောတာဖြစ်လိမ့်မယ်။သူဌေးဆေးရုံတက်နေရတာ လေးရက်ရှိပြီ။နောက်ကျနေလို့ ကျွန်မသွားတော့မယ်နော်။ '

ဟုတ်ကဲ့ ဟုပြန်ပြောမိလားပင် သူသေချာမမှတ်မိတော့။

အိမ်အောက်ထပ်တွင် သူဂဏာမငြိမ်စွာခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။

စိုးရိမ်ပူပန်မှုက သူ့အားဆိုးရွားစွာ ဒုက္ခပေးလွန်းလှသည်။

ဘာရောဂါလဲ...
ရောဂါအခြေအနေ ဘယ်လိုလဲ...
သက်သာရဲ့လား...

အစရှိသော မေးခွန်းများကိုပင် စောနကအဒေါ်ကြီးကို သူမမေးလိုက်မိ။

ဒီအဖြေတွေကိုသိဖို့ သူအဒေါ်ကြီးကိုဖြစ်ဖြစ် ယွန်းနီးကိုဖြစ်ဖြစ်စောင့်မှဖြစ်မည်။

စိုးရိမ်စိတ်တွေတစ်လုံးတစ်ခဲဖြင့် သူဧည့်ခန်းထဲမှာထိုင်စောင့်နေမိသည်။ညနေခင်းကျော်လွန်သွားသည့်တိုင်အောင် မီးဖွင့်ဖို့ကိုသူသတိမရတော့။

' မှောင်မည်းနေတာပဲ..'

ယွန်းနီး ရဲ့ခပ်တိုးတိုးရေရွတ်သံနဲ့အတူ အိမ်ရှေ့တံခါးမကြီးကပွင့်သွားသည်။မကြာမီမှာပင် မီးခလုတ်ဖွင့်သံနှင့်အတူ တစ်အိမ်လုံး လင်းထိန်သွားသည်။

'ယွန်းနီး '

အထုပ်တစ်ချို့အားဆွဲထားသော ယွန်းနီးရဲ့ နွမ်းလျလျမျက်နှာက ထိုင်နေသည့်သူ့အား မြင်သည်နှင့်တစ်ပြိုင်နက် မျက်မှောင်တွေတွန့်ကုတ်သွားသည်။ထို့နောက် ဘာမျှမပြောပဲ အပေါ်ထပ်သို့တက်သွားဟန်ပြင်သည်။

Plot Twist (COMPLETE)Where stories live. Discover now