နာကျင်သည်...နာကြည်းဖို့ကောင်းသည်။
ကိုယ့်ကြောင့်ထိုလူနာကျင်သွားရတိုင်း ထပ်တူနာကျင်နေမိသည့် သူ့နှလုံးသားကို သူနာကြည်းသည်။
မျက်ရည်တစ်ပေါက်ကျတာကအစ မျက်နှာတစ်ချက်ပျက်တာအဆုံး သူနှလုံးသားကအသေးစိတ်မှတ်သားကာပင် နာကျင်ပြလိုက်သေးသည်။
ခက်လို်က်တာ...
သူ့လုပ်ရပ်တွေတစ်ခုပြီးသွားတိုင်း ပတ်ဂျီမင်း ရဲ့နာကြည်းမှုတွေကလည်း ဆတူများလာပုံရသည်။တဖြေးဖြေးဖြင့် သူ့အားရှောင်ဖယ်လာကာ သူနှင့်အဝေးဆုံးသို့ ထွက်သွားရန်ပြင်သည်။
လက်ထပ်တော့မည်တဲ့...
မဟုတ်ဘူးလေ..သူလိုချင်တာဒါမဟုတ်ဘူး။
ထိုနေ့ကအရူးတစ်ယောက်လိုပင် သူ့စိတ်တွေလွတ်ထွက်သွားခဲ့သည်။
သူလုပ်နေသမျှရဲ့ ရည်ရွယ်ချက်တွေကို ထိုပတ်ဂျီမင်းက မရိပ်မိနိုင်လောက်အောင်အထိ တုံးအလွန်းသည်။
သူ့လုပ်ရပ်တွေထဲမှာ ပတ်ဂျီမင်းအား နာကျင်စေလိုသည့်ဆန္ဒတွေပါသည်။သို့သော် ထိုဆန္ဒတွေထက်စာလျှင် သူပြောပြချင်ခဲ့တာတစ်ခုတည်း။
ကျွန်တော်အခုဒီလိုတွေလုပ်နေတာ ခင်ဗျားကိုချစ်နေမိသေးလို့ဆိုတဲ့အကြောင်း...
ခင်ဗျားကို အလုံးစုံမနာကြည်းပစ်နို်င်သေးလို့ဆိုတဲ့အကြောင်း..
ဒါတွေကို ထိုပတ်ဂျီမင်း ကမသိခဲ့ပါ။
ဘယ်တုန်းကမှလည်း မရိပ်မိခဲ့။ငတုံးတစ်ယောက်လိုသာ ဖြစ်လာသမျှကိုခံစားနေရင်း သူ့နဲ့အဝေးဆုံးကို ထွက်ပြေးချင်နေခဲ့သည်။
အရူး...
'အစ်ကိုလေး...ထမင်းပွဲပြင်ပေးထားတယ်နော်။ကျွန်မ ဆေးရုံကိုထမင်းချိုင့်သွားပို့လိုက်ဦးမယ်။ '
ခြောက်ကပ်ကပ်နိုင်လှသော နေ့တွေမှာ အရက်နဲ့စီးကရက်ကိုသာ အဖော်ပြုရင်းအခန်းထဲပဲအောင်းနေမိသည်ကြောင့် သူဘာကိုမှသတိမပြုမိခဲ့တာကြာပြီ။
YOU ARE READING
Plot Twist (COMPLETE)
Fanfiction' ကိုယ်ပိုင်ဆိုင်ရမှာက နောင်တတွေဆိုရင် မင်းပိုင်ဆိုင်ရမှာက တစ်သက်လုံးဖြေဆည်လို့ မရနိုင်တဲ့ ဝမ်းနည်းမှုတွေပဲ.....' Paring - Jimin x Jungkook Original Novel-' အိပ်မက်ထဲက ကာရံချို ' by ' အိုစွမ်းပြည့်'
Final Part 1
Start from the beginning
