တပြိုက်ပြိုက်ကျနေသောချွေးတွေကို သုတ်လိုက်ရင်း သူပင်ပန်းမောဟိုက်စွာဖြင့် ဟျောန်းရဲ့အခန်းဘက်ကို လှမ်းကြည့်လိုက်သည်။

မှိန်ဖျော့ဖျော့မီးရောင်က လင်းလက်လျက်....

Plot~~~
~~~~
~~~Twist

#070919
#update
-nonoe-
#thanks💛

(Unicode)

ရက်သတ္တပတ်အတော်များများကို သူတစ်ယောက်တည်း ဖြတ်သန်းရင်းဖြင့် ရင်ထဲမှခံစားချက်တွေကို သူသတိပြုမိခဲ့ပါသည်။

ပတ်ဂျီမင်း ကိုနာကြည်းလိုက်တာ..အရမ်းပဲ။

သို့သော် နာကြည်းနေရင်းနှင့်ပင် ထိုလူ့ကိုသူချစ်နေတုန်းပဲဆိုတာ သတိပြုမိတော့ သူအင်မတန်တုန်လှုပ်သွားခဲ့ရသည်။

ဘာအခြေအမြစ်မှ မရှိတဲ့လူတစ်ယောက်... ဟုပြောခဲ့ဖူးသော ခပ်ထူထူနှုတ်ခမ်းတစ်စုံကို တစ်ရက်ကလေးတောင်မှ သူယောင်ယမ်းပြီး မမေ့ခဲ့ဖူးပါ။

ထိုစကားအားကြားခဲ့ရသည့်နေ့မှစ၍ သူ့စိတ်ထဲကိန်းအောင်းနေခဲ့သည်က သူနာကျင်ရသလို ပတ်ဂျီမင်းအား နာကျင်စေလိုသည့်ဆန္ဒတစ်ခုတည်းသာ။

သူနို်င်ငံခြားသို့ ထွက်သွားခဲ့သည်။ပင်ပန်းဆင်းရဲကြီးစွာဖြင့် အလုပ်လုပ်ခဲ့ရသော နေ့ရက်တွေရဲ့အဆုံးသတ်တိုင်းမှာ သူ့အားချာတိတ်ဟုခေါ်ခဲ့ဖူးသူတစ်ယောက်ကို အမြဲအိပ်မက်မက်သည်။ထိုလူ့အား ဘယ်လောက်နာကြည်းမိကြောင်းကို သူ့ဒို်င်ယာရီထဲနေ့တိုင်းထည့်ရေးသည်။

နှင်းဆီဝါတွေမြင်တို်င်း၊ညနေခင်းတွေရောက်တိုင်း၊ကော်ဖီတစ်ခွက်သောက်တို််င်း သူ့နှလုံးသားကသူ့အားသစ္စာဖောက်ကာ လွမ်းဆွတ်ခြင်းအမှုကိုပြုသည်။ထို့အတူပင် သူ့ဦးနှောက်က သူ့အမိန့်အားနာခံ၍ ထိုလူ့အားနာကြည်းမုန်းတီးပစ်ဖို့ ဘယ်တော့မှမမေ့ခဲ့။

ဒီလိုနှင့်ပင် မထင်မှတ်ပဲခင်မင်ခွင့်ရခဲ့သော အမျိုးသမီးလေးတစ်ယောက်က သူ့အတွက် ရတနာစီခြယ်သောလက်နက်တစ်ခုဖြစ်နေမှန်း သူသိခဲ့ရသည်။ထိုမှတစ်ဆင့် သူနာကြည်းရပါသော၊သူလွမ်းဆွတ်တမ်းတနေရပါသော ပတ်ဂျီမင်း ဆိုသည့်လူသားရဲ့အနားကို သူရောက်အောင်ပြန်လာနိုင်ခဲ့သည်။

Plot Twist (COMPLETE)Where stories live. Discover now