' ဒါပေမယ့် ကျွန်မတစ်ခုတော့ သေချာသိသွားတယ်။ '

ယွန်းနီး ကရယ်မောနေရာမှရပ်၍ သူ့အားခပ်ရဲရဲပင်စူးစိုက်ကြည့်လာသည်။သူ့ကို စိုက်ကြည့်နေသော ယွန်းနီးရဲ့မျက်ဝန်းတွေထဲတွင် နာကြည်းမှုတွေ၊မုန်းတီးမှုတွေဖြင့် ပြည့်နှက်နေသည်။

' ကိုကို နှလုံးရောဂါဖြစ်ရတာလဲရှင့်ကြောင့်ပဲ။အခု ကိုကို သေရရင်လည်း အဲ့တာရှင့်ကြောင့်ပဲ။ရှင် သိပ်တော်ပါတယ်...ဂျွန်ဂျုံးဂု '

သူ ရုတ်တရက်တုန်လှုပ်သွားရသည်။

' ယွန်းနီး..မင်းဘာဖြစ်လို့ ကို့ကိုဒီလိုစွပ်စွဲရတာလဲ။ '

အက်ကွဲနေသော သူ့အသံကိုသူကိုယ်တိုင်ပင်မယုံချင်။

ဒီစွပ်စွဲချက်ကတော့ သူ့အတွက်ပြင်းထန်လွန်းလှသည်။

'စွပ်စွဲတယ်..ဟုတ်လား။ဟာသတွေသိပ်ပြောနေပါလား..ဂျွန်ဂျုံးဂု။ကိုကို ကလေ အပြင်ပန်းကသာ မာကြောသယောင် အေးစက်သယောင်ထင်ရတာ အတွင်းစိတ်က အရမ်းနူးညံ့တာ။အရမ်းလည်းခံစားလွယ်တတ်တယ်။ရှင်ဒီကိုရောက်လာပြီးကတည်းက ကိုကို့ကို တစ်မျိုးပြီးတစ်မျိုးစိတ်ပင်ပန်းအောင်လုပ်နေတာ ကျွန်မအမြင်ပဲလေ။ရှင်ဘာငြင်းချင်သေးလို့လဲ။ '

မြားအစင်းပေါင်းထောင်ချီဖြင့် ထိုးစိုက်ခံလိုက်ရသလို ထိုစကားတွေကသူ့အပေါ် သက်ရောက်မှုပြင်းထန်လွန်းလှသည်။

' မဟုတ်ဘူး..မဟုတ်ဘူး..ကို အဲ့လိုရည်ရွယ်ခဲ့တာမဟုတ်ဘူး။ '

' ရှင်ဘယ်လောက်ငြင်းငြင်း ဒါအဖြစ်မှန်ပဲ။ရှင်လက်မခံလို့ မရဘူး။ '

ယွန်းနီး ကသူ့အားကျောခိုင်းကာ အပေါ်ထပ်သို့တက်သွားသည်။
သူလက်သီးဖြင့် ကြမ်းပြင်ကိုအားကုန်ထိုးပစ်လိုက်သည်။

နာကျင်သွားသော ဝေဒနာက သူ့ရင်ထဲမှနာကျင်မှုအား မေ့ပျောက်သွားအောင်မစွမ်းဆောင်နိုင်ခဲ့။

ကံဇာတ်ဆရာရဲ့ လှည့်စားမှုအောက် ကံကြမ္မာဇာတ်ကွက်အချိုးအကွေ့တွေကြား သူရံှုးနိမ့်တော့မည်ဖြစ်ကြောင်းသတိပြုတော့...သေလုမတတ်ကြောက်ရွံ့သွားရသည်။

Plot~~~
~~~~
~~~Twist

နောက်တစ်နေ့တွင် ဆေးရုံမှဆင်းလာသော ဟျောန်း ရဲ့ပုံရိပ်ကလေးကို သူအပေါ်ထပ်မှတိတ်တခိုးငေးကြည့်နေမိသည်။

သေးသေးလေးသာကျန်တော့သော ဟျောန်းရဲ့ခန္ဓာကိုယ်လေးက ဝှီးချဲပေါ်တွင် ပျော့ခွေကာထိုင်နေလျက်။

ဖြူဖျော့နေသော မျက်နှာလေးပေါ်မှ မျက်ဝန်းတွေမှိတ်ချထားတာကိုမြင်တော့ သူသည်းအူပြတ်မျှနာကျင်သွားရသည်။

ဟျောန်းဆီသို့ အပြေးသွားတွေ့လိုက်ချင်သည့် ဆန္ဒအား စီးကရက်ဘူးမြောက်များစွာကို ဖြုန်းတီးလျက်သူထိန်းချုပ်နေရသည်။

' ရှင်..ကိုကို့ကို သွားကြည့်ဖို့စိတ်မကူးဘူးလား။ '

သူ့အခန်းဝမှ ယွန်းနီးက သူ့အားသတိပေးသလိုပြောလာတော့ သူထိုင်နေရာမှထထွက်လာခဲ့သည်။

သို့သော်...ဟျောန်းဆီကိုတော့မဟုတ်။

နောက်ဆုံးပဲဖြစ်ဖြစ် ဟျောန်းရဲ့ အပြုံးတစ်ပွင့်ကိုတော့သူမြင်အောင် လုပ်ရမှဖြစ်မည်။

တစ်နေ့လည်လုံး...ညနေခင်းတစ်ညနေလုံး...နောက်ပြီး တစ်ညလုံး...နောက်တစ်နေ့မနက် ငါးနာရီလောက်မှပြီးသွားသည်။

တပြိုက်ပြိုက်ကျနေသောချွေးတွေကို သုတ်လိုက်ရင်း သူပင်ပန်းမောဟိုက်စွာဖြင့် ဟျောန်းရဲ့အခန်းဘက်ကို လှမ်းကြည့်လိုက်သည်။

မှိန်ဖျော့ဖျော့မီးရောင်က လင်းလက်လျက်....

Plot~~~
~~~~
~~~Twist

#070919
#update
-nonoe-
#thanks💛

Plot Twist (COMPLETE)Where stories live. Discover now