သူတို့မှာ ပိုအရေးကြီးတဲ့ဟာတွေ လုပ်စရာရှိသေးတယ်။
"တိုက်ပွဲကို ရှင်းပြီးငါတို့ရဲ့ သဲလွန်စတွေအကုန် ဖျောက်ဖျက်ပစ်၊ တိမ်လွှာပျံဝဲဂိုဏ်းနဲ့တခြား ဂိုဏ်းအကြီးတွေ ၀င်လာတော့မယ်"
လော့ကျန်းဖန်း သူတို့ပတ်လည်မှာရှိတဲ့ အနက်ရောင်ခြုံထည်နဲ့လူတွေကို ပြောလိုက်တယ်။
သူတို့သဘောတူကြောင်းပြောပြီး တစ်ခါတည်းလူစုခွဲသွားကြတယ်။
ပိုင်ရန်တိတ်တိတ်လေး ချွေးသုတ်လိုက်ရတယ်။
တခြားလူတွေကို လွှတ်လိုက်ပြီးတော့ လော့ကျန်းဖန်း ပိုင်ရန့်ဘက်ကို စကားလှည့်ပြောလိုက်တယ်။ "လူသားနယ်မြေက ကျွန်တော့်ရဲ့ပုံက ထူးခြားတယ်၊ အကြာကြီးလျှောက်သွားနေလို့မဖြစ်ဘူး၊ ဒီတံလျှပ်ကကျန်တဲ့ကိစ္စတွေကို အရှင့်ဆီပဲလွှဲလိုက်တော့မယ်နော်"
ပိုင်ရန်စိတ်တွေလှုပ်ရှားပြီး ထပ်မစောင့်နိုင်တော့ဘူး။ ကံကောင်းချင်တော့ သူ့ရဲ့မပြောင်းလဲတဲ့ပုံကို မထိန်းထားနိုင်လောက်တဲ့ထိတော့ အဖြစ်မဆိုးသေးဘူး၊ "စိတ်ချထားလိုက်ပါ၊ ကျွန်တော်အားလုံးကို ဖြေရှင်းလိုက်မယ်"
ပိုင်ရန်ကတိပေးပြီးနောက် လော့ကျန်းဖန်း ပျောက်ကွယ်သွားတယ်။
သူလော့ကျန်းဖန်းသွားပြီဆိုတာ သိလိုက်တာနဲ့ ဇာတ်လိုက်ကိုရှာဖို့ ချောက်ကမ်းပါးကနေ ပိုင်ရန်ခုန်ချလိုက်တယ်။ သူဇာတ်လိုက်ကို ချောက်ထဲကန်ချလိုက်တုန်းက ပိုင်ရန်ဇာတ်လိုက်ရဲ့အသက်ရှုသံကို တိတ်တိတ်လေးဖုံးကွယ်ပေးလိုက်ခဲ့တယ်။ လော့ကျန်းဖန်းက သူ့ရဲ့အသက်ရှုသံကို အာရုံမခံမိတာကြောင့် သေပြီလို့မှတ်ယူပြီး ထွက်သွားခဲ့တာ။
ချောက်က ပေထောင်ပေါင်းများစွာမြင့်ပြီး ပိုင်ရန်ရဲ့ရင်ထဲမှာဗုံတီးနေသလိုဖြစ်နေတယ်။ ခုနကအခြေအနေကြီးက အရမ်းအန္တရယ်များလွန်းအားကြီးတယ်။ လော့ကျန်းဖန်းထက်မြန်မြန် တိုက်နိုင်ဖို့အတွက် သူ့အင်အားကိုမထိန်းချုပ်ဘဲ ဇာတ်လိုက်ကျော်ကြီးကို တိုက်ရိုက်ကြီးစောင့်ကန်လိုက်မိတယ်။ သူ့ကိုသေအောင်တော့ မကန်မိလိုက်ပါဘူးနော်.. ဟုတ်တယ်မှတ်လား?
YOU ARE READING
နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}
FantasyTitle - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanmar Translator - Kay_Wine 😉
အပိုင်း-၁၃ (Zawgyi + Unicode)
Start from the beginning