ဘယ်သူတွေနဲ့ သူငယ်ချင်းဖြစ်မှာပါလိမ့်။

142 1 0
                                    

(Unicode Version)

အခုလက်ရှိ ဘဝမှာ ရင်အခုန်ရဆုံးအချိန်ဟာ ဘယ်အချိန်လဲလို့မေးရင် တက္ကသိုလ်ဝင်တန်းကို စတက်ဖို့ ပြင်ဆင်ရတဲ့အချိန်ပဲလို့ အေးဝေထွေးရဲ့ စိတ်ထဲမှာ ထင်မိတယ်။ 

ဒီထပ်မက တိတိကျကျပြောရရင် သူငယ်ချင်းတွေ စုပြီး စာသင်ဝိုင်း လုပ်တဲ့အချိန်။

 ဒီထပ်ပိုပြီး အသေးစိတ်ရရင် လူအနည်းငယ်နဲ့သာ အတူတက်ရမယ့် စာသင်ဝိုင်းမှာ ဒီတစ်နှစ်တာလုံးရဲ့ ဆိုးတူကောင်းဖက်ဖြစ်လာမယ့် သူငယ်ချင်းတွေကို  ပုံဖော်စိတ်ကူးရင်း ရင်ခုန်ရတာ။ 

ကျောင်းကြီးဖွင့်ချိန်က ဇွန်လ မှဆိုတော့ ဝေထွေးတို့ရဲ့ ဝိုင်းကို သင်္ကြန်ပြီးမှပဲ စမယ်လို့ မေမေက ပြောတဲ့အချိန် ဝေထွေးတို့ ရင်ထဲ ဘုရားပွဲလှည့်နေတာ မေ မသိပါဘူး။

အိပ်မလား ၊ စားမလား၊ ကစားမလားဆိုရင် ၃မျိုးလုံး တပြိုင်ထဲ လုပ်ကြည့်ချင်တာလို့ ပြန်ပြောတတ်သူ ဝေထွေးတစ်ယောက် ကြားထဲမှာ နားချိန်တွေ ရလိုက်ပြီဆိုတော့ စိတ်ကူးနဲ့ အိပ်လိုက် စားလိုက်လုပ်နေတာ ဆောင်းတွင်းမှာ ဆောင်းခိုတဲ့ ဝက်ဝံမကြီးတွေဟာလည်း ငါ့လိုမျိုးပဲလားလို့ ကိုယ်ချင်းစာတွေးမိပါတယ်။

ကိုးတန်းတုန်းက တစ်ခန်းထဲ အတန်းဖော်တွေနဲ့များ ပြန်တွေ့ရမှာလား၊ သူငယ်ချင်းအသစ်တွေထပ်ရဦးမှာလား ဆိုတဲ့စိတ်နဲ့ သိချင်လွန်းပေမယ့် စည်းကမ်းကြီးတဲ့ မေ့ကို ထပ်မမေးရဲတာနဲ့ပဲ ဝိုင်း စသင်မယ့်နေ့ကို စားလိုက်သောက်လိုက်၊ နားလိုက်လုပ်ရင်း စောင့်နေမိတာပေါ့။

"သမီးငယ်နဲ့အတူ နောက်ထပ် သူငယ်ချင်း ၇ယောက်ဆိုတော့ ပေါင်း ၈ယောက် အတူတက်ရမှာနော်။ မနက်ဖြန် မနက် ၈ နာရီကနေ စတက်ရမယ်။ ကြားလား သမီးငယ် " ဒီလိုနဲ့ တိကျထက်မြတ်တဲ့ မေမေ ဒေါ်ပြုံးထက်ဝေရဲ့ စကားအဆုံး ကျမ အေးဝေထွေးတစ်ယောက် မအေးဝေနိုင်တော့ပါဘူး။ 

ဘာလိုလိုနဲ့ ကျောင်းစာနဲ့ ငါ့မျက်နှာ ပြန်အပ်ရတော့မှာပါလား ဆိုတဲ့ အသိက အိပ်လို့ကောင်းလွန်းတဲ့ ချမ်းချမ်းစီးစီး ညဖက်ကြီးမှာ စောင်ပျောက်ရှာရတဲ့အဖြစ်လိုပါပဲလား။  ပျောက်နေတဲ့ စောင်ကို ထလည်း မရှာချင်၊ ထမရှာရင်လည်း ချမ်းတာနဲ့တင် အသက်ထွက်နိုင်သလိုမျိုးမို့ .. သြော် ဘာလို့များ ဒီလောက် စောစောစီးစီး စာလုပ်စေချင်တာလည်း မေမေပြုံးရယ်လို့ မပြုံးနိုင် မရယ်နိုင် အီတီတီ မျက်နှာပေးနဲ့သာ ဟုတ်ကဲ့မေမေ လို့ အဖြေပြန်ပေးလိုက်ရပါတယ်။ 

မချစ်ဘူးတဲ့လား၊ ( Don't you Love?)Where stories live. Discover now