အပိုင်း-၄.၁ (Zawgyi + Unicode)

Start from the beginning
                                    

အား... ငါ့ကိုလည်း တစ်​​ယောက်​လည်းကယ်​ကြပါဟ?!

ရှက်​ဖို့​ကောင်းလိုက်​တာ​နော်​! ပိုင်​ရန်​ရင်​ထဲမှာ ​အော်​ဟစ်​နေတယ်​။

ဒီအ​ခြေအ​နေကြီးက အရမ်းထူးဆန်း​နေပြီ!

သူဒီ​နေရာမှာ နတ်​ဆိုးဘုရင်​နဲ့နှစ်​​ယောက်​တည်းရှိ​နေ​ပေမယ့်​ ပိုင်​ရန်​ကို လူ​တွေအများကြီးဝိုင်းကြည့်​​နေသလို ရှက်​​သလိုကြီးခံစားရတယ်​။

သူ့စိတ်​သူအားတင်းပြီး တည်​ငြိမ်​​အောင်​လုပ်​တယ်​။ ဘာပဲ​ပြော​ပြော ငါတို့နှစ်​​ယောက်​လုံးက​ယောကျာ်း​ကြီး​တွေ။ ဒီ​လောက်​ကဘာမှမဟုတ်​​သေးဘူး​လေ အဲ့​တော့ရှက်​စရာအကန့်​မရှိဘူး။

ပိုင်​ရန်​ရင်​ထဲမှာ ကိုယ့်​ဘာသာစိတ်​​လျော့ရင်း ​ခြေ​ထောက်​ကိုဆန့်​လိုက်​ပြီး အဖြူ​ရောင်​​အောက်​ခံ​လေးကို ချွတ်​လိုက်​တယ်​။ ​ဘောင်းဘီချွတ်​ပြီးတာနဲ့တပြိုင်​နက်​ သူ့စိတ်​ထဲမှာလည်း : ငါ့​​ဝတ်​ရုံနဲ့​ဘောင်းဘီကိုချွတ်​ပြီးသွားပြီ ဒါ​ပေမယ့်​မင်းက​တော့မျက်​မမြင်​တစ်​​ယောက်​ပဲ! [T/N : သူ့စိတ်​သူလှည့်​စား​နေတာ😂😂 ချစ်​ဖို့​ကောင်းချက်​]

သူ​ဘောင်းဘီဆွဲချွတ်​ပြီး ​ဘေးကိုပစ်​လိုက်​တယ်​။

"အရှင်​.. ကျွန်​​တော်​ပြီးပါပြီ..." သူဒီဟာကို ဂရုမစိုက်​သလို အသံကျယ်​ကြီးနဲ့​ပြောလိုက်​တယ်​။

နတ်​ဆိုးဘုရင်​က တစ်​ခွန်းမှမ​ပြောဘူး။

ပိုင်​ရန်​​ခေါင်း​မော့ပြီး "အရှင်​?"

နတ်​ဆိုးဘုရင်​ဘာမှကိုပြန်​မ​ပြောဘူး။ ခဏ​နေမှ သူ့​ရှေ့ကလူကြီးက​ရှေ့တိုးကပ်​လာပြီး ပဆစ်​တုပ်​ထိုင်​လိုက်​တယ်​။ တစ်​ခုခုကိုရှာ​နေသလို သူ့မျက်​ဝန်းနက်​​တွေနဲ့ ပိုင်​ရန်​ကိုယ်​ကိုအ​ပေါ်​အောက်​ ကြည့်​​နေတယ်​။

နတ်​ဆိုးဘုရင်​ရဲ့မျက်​လုံး​တွေက နက်​ရှိုင်းတဲ့​ရေကန်​နှစ်​ခုလိုပဲ လုံးဝနက်​​မှောင်​​နေတယ်​။ ပိုင်ရန့်​​အ​ရေပြားတစ်​​လျှောက်​ကို သူ့မျက်​လုံးကြီး​တွေနဲ့လှည့်​ပတ်​ကြည့်​​နေတာ​ကြောင့်​ ​နေရထိုင်​ရခက်​လာတယ်​။ ပိုင်​ရန်​ကိုထိလိုက်​တာ ခံစားလိုက်​ရတယ်​။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now