အပိုင်း-၁ (Zawgyi + Unicode)

Start from the beginning
                                    

သူ့အ​ဖေကလည်း မ​ကျေနပ်​​လေဘူး။ လူချမ်းသာ​တွေက သူတို့သားသမီး​တွေကို အလွန်​ဆိုးပြီးကြီးပြင်းလာဖို့ ရူးသွပ်​ကြတယ်​။ ချမ်းသာတဲ့မိသားစု​တွေရဲ့မျိုးဆက်​​တွေက ​မောက်​မာပြီးအထက်​စီးဆန်​ဆန်​​နေကြရမှာဖြစ်​တယ်​။ သူ့ကျမှဘယ်​လိုဖြစ်​ပြီး ​ကြောက်​ရွံ့၊ အားနည်းပြီး သတ္တိနည်းတဲ့ပိုင်​ရန်​လာဖြစ်ေ​နတာလဲ?

ဒါက သားအငယ်​ဟာဆိုးလွန်းတာထက်​လွန်​သွားတာ​ကြောင့်​ ဒီလိုဖြစ်​သွားတာလည်းဖြစ်​နိုင်​တယ်​။ ဘာပဲဖြစ်​ဖြစ်​ သူ့မှာ အ​ဖေနဲ့အစ်​ကိုရှိ​နေတာ​ကြောင့်​ ဘာမှကိစ္စမရှိဘူး။ သူ့ဘဝကို​​အေး​အေးလူလူ ရွက်​လွှင့်​​နေနိုင်​တယ်​။ ကံမ​ကောင်းစွာနဲ့ မ​မျှော်​လင့်​တာ​တွေစဖြစ်​လာခဲ့တယ်​။ သူ့အစ်​ကိုက အလုပ်​ကိစ္စခရီးတစ်​ခုသွားရာက​နေ ကားမ​တော်​တဆမှုဖြစ်​ပြီး အခု comaဝင်​​နေတယ်​။ ခု​လော​လောဆယ်​ ​ဆေးရုံတင်​ထားရပြီး သူဘယ်​​တော့သတိပြန်​လည်​လာမလဲဆိုတာ ဘယ်​သူမှမ​ပြောနိုင်​ဘူး။ သူ့ဖခင်​ကလည်း ဒီအဖြစ်​ဆိုးကိုရင်​ဆိုင်​လိုက်​ရ​တော့ ကူကယ်​ရာမဲ့သွားတယ်​။ သူလုပ်​နိုင်​တာက သားအငယ်​ကို​အောင်​မြင်​​အောင်​လုပ်​ခိုင်းကြည့်​ဖို့ပဲ။ သို့​သော်​လည်း သားအငယ်​ရဲ့ပင်​ကိုစရိုက်​က အားနည်းလွန်းတယ်​။ ဒါက​ခေါင်းခဲစရာကိစ္စတစ်​ခုပဲ။

အဲ့အချိန်​မှာပဲ.. ပိုင်​ရန်​အ​ဖေက တရုတ်​ရဲ့ပထမဆုံးဝိဥာဉ်​​ကူး​ပြောင်းတဲ့စမ်းသပ်​ချက်​ကိုသုံးပြီး ပိုင်​ရန်​ရဲ့အပြုအမူကို ပြန်​​ပြောင်းလဲဖို့ အကြံရခဲ့တယ်​။ လူတစ်​​ယောက်​ရဲ့အပြုအမူက ပတ်​ဝန်းကျင်​နဲ့ဆိုင်​တယ်​။ ဒီစမ်းသပ်​မှုက ဖန်​တီး​ပေးထားတဲ့ကမ္ဘာမှာ သတ်​မှတ်​ထားတဲ့ဇာတ်​​ကောင်​ကိုဝင်​​ရောက်​ကစား​ပေးလိုက်​ရုံနဲ့ လူတစ်​​ယောက်​ရဲ့ကိုယ်​ရည်​ကိုယ်​​သွေးကို အချိန်​တို​လေးအတွင်းမှာ ​ပြောင်းလဲ​ပေးနိုင်​တယ်​။ ဒါကအချိန်​ကုန်​၊ အင်​အားကုန်​သက်​သာ​စေတယ်​။ ဒါ​ကြောင့်​ ပိုင်​ရန်​ကိုစမ်းသပ်​ခန်းထဲသို့ သူ့အ​ဖေကထိုးထည့်​လိုက်​​လေတယ်​။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now