


____________________________________

{Unicode}

ပိုင်ရန်တစ်ယောက် စိတ်ကူးယဉ်ဝတ္ထုထဲက Final Boss နတ်ဆိုးဘုရင်ယုံးယဲ့ရဲ့ တဏှာရူးလက်ပါးစေအဖြစ် ကူးပြောင်းခံလိုက်ရတယ်။ ပထမဆုံးကူးပြောင်းလာတဲ့နေ့မှာပဲ နတ်ဆိုးဘုရင်ကြီးရဲ့အနောက်ပိုင်းကို သွားကိုင်လိုက်မိတယ်???

ပိုင်ရန်တုန်လှုပ်စွာနဲ့ "အရှင်.. ဒါမတော်တဆဖြစ်သွားတာပါ!"

နတ်ဆိုးဘုရင် မျက်လုံးတွေကျဉ်းမြောင်းလိုက်ပြီး "အဝတ်တွေချွတ်ပြီး အခုတောင်အောက်ကို ပြေးဆင်းသွား"

သူ့ကမ္ဘာကိုပြန်နိုင်ဖို့အတွက် ပိုင်ရန်လူသားနယ်မြေကိုသွားပြီး ဝတ္ထုရဲ့ဇာတ်လိုက်ကိုကူညီပေးရမယ်။

ပိုင်ရန်၊ ဂုဏ်သိက္ခာရှိရှိပုံစံဖြင့်: "အရှင်၊ ဒီလူက နတ်ဆိုးနယ်မြေကိုခြိမ်းခြောက်လာနိုင်ပါတယ်၊ ကျွန်တော်လူသားနယ်မြေကိုသွားပြီး အရှင့်အတွက်သူ့ကိုသွားသတ်ပါရစေ!" (တကယ်တော့ ငါလေးအဲ့အဓိကဇာတ်ဆောင်ကို သွားတွေ့ချင်နေပြီ)

ပိုင်ရန်၊ သူသစ္စာရှိကြောင်းဖော်ပြပြီး: "အရှင်၊ ခဏစောင့်ပါ.. ကျွန်တော်လူသားနယ်မြေကိုသွားပြီး အရှင့်အတွက်ဝေဒနာသက်သာစေမယ့်ဆေး သွားရှာလိုက်ပါမယ်!" (တကယ်တော့ ငါလေးအဓိကဇာတ်ဆောင်ကို သွားကယ်ချင်တာပါဟာ)

ပိုင်ရန်၊ အားလုံးအတွက်ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ပုံစံနဲ့: "အရှင်၊ အရှင့်ကိုရှေ့လျှောက်ကြီးမြတ်စေချင်လို့ ကျွန်တော်လူသားနယ်မြေကိုသွားချင်တာပါ!" (တကယ်တော့ ငါလေအဓိကဇာတ်ဆောင်ကို မြင်ချင်နေတာဟ)

နတ်ဆိုးဘုရင်ရဲ့မျက်နှာက မပြောင်းလဲပဲရှိနေပေမယ့် သူ့နားရွက်ထိပ်လေးတွေက ရဲရဲတွတ်နေလေပြီ။ သူတွေးနေတာက: သူငါ့ကို ဒီလောက်နက်နက်ရှိုင်းရှိုင်းချစ်နေတာ ယုံတောင်မယုံနိုင်ဘူး...

နတ်ဆိုးဘုရင်: "ဟမ့်! ဘယ်လောက်တောင်တွယ်ကပ်နေလိုက်သလဲကြည့်စမ်း၊ ကိုယ်မင်းအချစ်ကို လက်ခံလိုက်ပါ့မယ်လေ.. ပြောလေ! မင်းဘာပဲလိုလို ကိုယ်မင်းကိုပေးမယ်!"

ပိုင်ရန်: "****! အရှင်၊ ကျွန်တော် အရှင့်ကိုမချစ်ပါဘူး"

နတ်ဆိုးဘုရင်: "မဟုတ်ဘူး၊ မင်းကိုယ့်ကို ချစ်နေတာ"

နတ်ဆိုးဘုရင်က အမှန်တကယ်ကို ပိုင်ရန်နဲ့သူကအပြန်အလှန်နက်ရှိုင်းစွာချစ်နေကြတာလို့ ယုံကြည်ခဲ့တယ်။ ပိုင်ရန် "အရိုင်းအစိုင်းလူသားတစ်ယောက်"နဲ့ "ဖောက်ပြန်"နေတာကို မသိသေးခင်အထိပေါ့...

_____

Title - The Demon King always thinks I'm secrectly in love with him

Author - Dōng Fāng Huáng Guā
              Eastern Cucumber
              东方黄瓜
_____

Thanks😉

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now