Part 20

2.9K 295 2
                                    

'ညီမလေးကိုတောင်းပန်ပါတယ် ... ကိုယ်စိတ်ထင်တိုင်း
လျှောက်လုပ်ရင်း ညီမလေးကိုဒုက္ခပေးမိသွားတယ်'

'ရပါတယ် ... မမနဲ့အစ်ကိုနဲ့ပြန်အဆင်ပြေသွားတာကိုပဲ
ဟန်နီဝမ်းသာနေတာ'

'အဆင်ပြေသွားတာက မမတို့ပဲမဟုတ်ဘူး  ဟိုမှာ'

ဖေဖေနဲ့မေမေစကားပြောနေကြတာကိုကြည့်ပြီး
ဟန်နီနဲ့ မမပြုံးလိုက်ကြသည်။ အကြောင်းစုံသိသွားတော့
ကိုသော်ကောင်းက ဖေဖေ့ကိုသွားခေါ်ခဲ့သည်။
သံယောဇဉ်လက်ကျန်တွေရှိနေခဲ့ကြတော့ အခြေအနေ
အားလုံးက သူ့နေရာနဲ့သူနေသားတကျ
ပြန်အဆင်ပြေခဲ့သည်။

'ညီမလေး သတို့သားလောင်းကိုရော ဘာမှ
မပြောသေးဘူးလား အကုန်လုံးရှင်းသွားပြီပဲလေ'

မမပြောတာလည်းဟုတ်သလိုလိုပါပဲ ... အကုန်လုံးက
ရှင်းသွားပြီပဲ ... ဒါပေမယ့်ဟန်နီ တစ်ယောက်ယောက်နဲ့
ခွဲရမှာကိုတွေးမိရင် ဘာမှမရှင်းသေးတဲ့အချိန်ကို
နောက်ပြန်လှည့်ချင်မိသည်။ ခဏတာရှောင်လွှဲလို့
ရပေမယ့် ဟန်နီ့နေရာအမှန်ကိုတော့ ဟန်နီပြန်ရမှာပါပဲ ...။

🍀🍀🍀

'ဆရာ ... မမလေးဟန်နီအိမ်ပြန်ရောက်နေတယ်တဲ့'

'ဘာ ... သေချာလား'

'သေချာပါတယ်ဆရာ ... မနက်တည်းကရောက်နေတာပါတဲ့'

စွမ်းထွဋ်ချက်ချင်း ဟန်နီတို့အိမ်ကိုထွက်လာခဲ့သည်။

🍀🍀🍀

'တင်းတောင်'

လူခေါ်ဘဲလ်အသံကြောင့် ခေတ် အခန်းတံခါး
သွားဖွင့်လိုက်သည်။ တံခါးဖွင့်ပြီးတော့ လူတစ်ယောက်
ဝင်လာပြီး ...

'ဘယ်တွေသွားနေလို့အခုမှပြန်လာတာလဲဟန်နီ'

ပခုံးကိုခပ်ကြမ်းကြမ်းဆောင့်ပြီး မေးခံလိုက်ရလို့
ခေတ်လန့်သွားသည်။ သူက ညီမလေးချစ်သူများလား ...

'ဟို ခဏ ... ခဏလေး ညီမလေးနဲ့မှားနေပြီထင်တယ်
ခေတ်ကဟန်နီမဟုတ်ပါဘူး ... ဟန်နီ့ရဲ့အမြွှာအစ်မ
သော်တာခေတ်ပါ'

'ဘယ်လို ... ဟန်နီ့ရဲ့အမြွာအစ်မဟုတ်လား'

'ဟုတ်ပါတယ် ... ဒါနဲ့ဒီကအစ်ကိုက ညီမလေးရဲ့ချစ်သူလား'

Honey Where stories live. Discover now