'အဆင်ပြေလား ကိုထွဋ် ... ဘယ်နေရာ
သဘောမကျတာရှိလဲ''ပြေတယ်လင်္ကာ ... အကုန်လုံးအဆင်ပြေတယ်
လင်္ကာ့ Skillကတော့ တကယ်ကိုတော်ရုံမဟုတ်ဘူးပဲ''မြှောက်လွန်းနေပါပြီ ... ဒါနဲ့ကိုထွဋ်ကိုကြည့်ရတာ
မျက်နှာလည်းသိပ်မကောင်းပါလား'အလုပ်ကိစ္စနဲ့ဆုံဖြစ်တိုင်း ကိုထွဋ်မျက်နှာမကောင်းတာကို
လင်္ကာသတိထားမိနေတာကြာပြီ ... ဘာလဲသေချာ
မသိပေမယ့် ပုံမှန်မဟုတ်တာတော့သေချာသည်။'အင်း ... လင်္ကာ့ရဲ့ လူ့ကဲခတ်အစွမ်းကလည်း အခုထိ
လျှော့တွက်လို့မရသေးဘူးပဲ'လင်္ကာမေးလိုက်တော့ ကိုထွဋ် အနည်းငယ်ပြုံးပြီး
ပြန်ဖြေသည်။'လင်္ကာစပ်စုချင်လို့တော့မဟုတ်ဘူး ဒါပေမယ့် လင်္ကာ
ကူညီနိုင်တာရှိရင်ပြောပြလေ''Thank you လင်္ကာ ... လင်္ကာကူညီနိုင်တာရှိလာရင်
ကိုယ်ပြောပြပါ့မယ်''Anytimeပါ ကိုထွဋ် ... အဲဒါဆို လင်္ကာပြန်လိုက်ဦးမယ်နော်
Project စတော့မှ ထပ်တွေ့တာပေါ့''See you လင်္ကာ'
ညနေလေးနာရီကျော်နေပြီမို့ လင်္ကာအိမ်ပြန်ဖို့
စိတ်စောနေသည်။ အိမ်မှာ ဟန်နီတစ်ယောက်တည်း
ထားခဲ့ရတာ စိတ်မဖြောင့် ... အခုနောက်ပိုင်း
ပိုပြီးတော့တောင် စိတ်မဖြောင့်ဖြစ်လာသည်။ တစ်စက္ကန့်
ပိုပြီးတော့ဖြစ်ဖြစ် အနားမှာရှိချင်နေတာလည်းပါသည်။
ဟန်နီ့ကိုအလုပ်ထိပါခေါ်လာဖို့ စဉ်းစားမိပေမယ့်
ပြန်တွေးကြည့်မှ ဟန်နီ့အတွက်အဆင်မပြေဖြစ်နိုင်တာမို့
အိမ်မှာပဲစောင့်နေခိုင်းလိုက်တော့သည်။ ဟန်နီ
ပျင်းနေနိုင်ပေမယ့် ဒီလိုနေတာကပဲ ဟန်နီ့အတွက်
အန္တရာယ်အကင်းဆုံးဖြစ်သည်လေ ...။'ဟန်နီ ဟန်နီ ... မင်းရဲ့အရိပ်ကလေးငါ ... ဟန်နီ ဟန်နီ'
'What?!'
မီးပွိုင့်စောင့်နေရင်း FMဖွင့်လိုက်တော့ ထွက်လာတဲ့
သီချင်းသံကြောင့်ပြုံးမိသွားသည်။'ဒီသီချင်းကောင်းသားပဲ'
မြန်မာသီချင်းတွေသိပ်နားမထောင်ဖြစ်လို့ သီချင်းကို
မသိပေမယ့် တော်တော်လေးတော့သဘောကျသွားသည်။