အခန်း (၃၁) - ချစ်မေတ္တာဟူသည် (၆)

1.5K 163 45
                                    

Unicode ‼️

လွယ်လွယ်နဲ့ ဖျောက်ဖျက်မရတာ
ဒီရင်ထဲက အချစ်ပါ...။

တကယ်ဆို
ဘယ်လောက်ချစ်သလဲလို့ မမေးပါနဲ့
မင်းတွေးထင်ထားတာထက်
အစပေါင်းများစွာ ပိုသာတာမို့ ။

ထားရစ်ခဲ့လိမ့်မယ်လို့လဲ မတွေးပါနဲ့
မင်းအနားကနေ တဖဝါးမှတောင်
မခွဲခွာချင်တဲ့ လူသားမို့ ။

•••••• အချစ်ဦးသည်သာ •••••••


စားပွဲ​ပေါ်ဝယ်​တင်​ထား​သော ဖုန်း​လေးက​တော့ မီးအစိမ်း​လေး တဖြတ်​ဖြတ်​လင်းရင်း My Life 💜 ဆိုတဲ့ Nickname​လေး​ပေးထားတဲ့သူဆီက​နေ Message​တွေ Miss Call​တွေ ဝင်​နေ​ပေမဲ့ ဖုန်းပိုင်​ရှင်​ကောင်​မ​လေးက​တော့ သိနိုင်မည်​မဟုတ်​ပေ ။

တုန်​ကနဲ တုန်​ကနဲ ဖြစ်​သွားတဲ့ ခန္ဓာငယ်​လေးကသာ ​စောင်​ပုံထဲဝယ်​ကွေးရင်းဖြင့်​တသိမ့်​သိမ့်​ရှိုက်​ကာ ငို​နေသည်​ဆိုတာကို သက်​သေပြ​နေ​ပေသည်​။

ရုံးက​နေ ပြန်​ရောက်​ကထဲက ထိန်းထားခဲ့တဲ့ အသိစိတ်​နဲ့ ခန္ဓာက ဆက်​မထိန်းထားနိုင်​တော့​အောင်​အရုပ်​ကျိုးပျက်​လဲကျပြီး ကုတင်​ပေါ်​ရှိ​စောင်​ပုံထဲဝင်​အောင်းရင်း ငို​နေခဲ့တာ အခုချိန်​ထိပင်​။

မ​တွေးချင်​ပေမဲ့ အ​ခြေအ​နေ အရပ်​ရပ်​ကို ပြန်​သုံးသပ်​မိ တွေးမိတိုင်း သူနဲ့အတူ​ပျော်​စရာသိပ်​ကောင်းတဲ့ ကမ္ဘာ​လေး တည်​ဆောက်​နိုင်​ဖို့ ဘယ်​လောက်​ထိ စိတ်​ကူး​တွေယဉ်​ပြီး အ​မျှော်​လင့်​ဆုံးဖြစ်ခဲ့တယ်​ဆိုတာ ကိုယ်​သာ အသိဆုံး။

ဒါ​ပေမဲ့ ထိုအရာအားလုံးဟာ​ကောင်းကင်​ပေါ်က တိမ်​တိုက်​လေးလိုပဲ​မျှော်​ကြည့်​ယုံကလွဲပီး ဖမ်းဆုပ်​ထိ​တွေ့ပိုင်​ဆိုင်​ခွင့်​တောင်​မရ​တော့ဘဲ ကိုယ်​နဲ့​ဝေးရာ ထွက်​ခွာသွားရင်း​နောက်​ဆုံး​တော့ တစစီ ပျယ်​လွင့်​ပျောက်​ကွယ်​သွား​တော့မယ်​ဆိုတဲ့ အ​တွေးစိတ်​တွေဝင်​လာ​တော့ လူကရူးချင်​တင်​တင်​။

ရင်​ဘက်​တခုလုံးလဲ နာကျင်​မွန်းကျပ်​ပြီး မျက်​ရည်​တွေကသာ တသွင်​သွင်​စီးကျရင်း Park Jimin & Mona Dating News ဆိုတဲ့​ခေါင်းစဉ်​နဲ့ သူတို့နှစ်​ယောက်​ရဲ့ ပုံ​တွေကိုသာ မြင်​ယောင်​နေမိတာက ဆိုးဝါးလွန်းသည်​။

အချစ်ဦးသည်သာWhere stories live. Discover now