အခန်း (၂၉) - ချစ်မေတ္တာဟူသည် (၄)

1.7K 203 193
                                    

Unicode ‼️

နှစ်သက်စုံမက်
ချစ်ခြင်းထပ်လို့
တသက်သာ ရည်စူး
မြတ်နိုးဖူးတာ
မင်းတစ်ယောက်ထဲသာ
အချစ်ဦး ယုံပါ ...။

••••• အချစ်ဦးသည်သာ •••••

ကုန်လွန်သွားသော တောင်ပေါ်ညလေးက အချိန်တွေကို ပြန်တမ်းတရင်း အချိန်တွေကို ပြရနိုင်တဲ့ အစွမ်းများရှိရင် သိပ်ကောင်းမှာပဲဟု ထိုအချိန်ကာလလေးကို ပြန်သွားချင်သည့် စိတ်က အကြိမ်ကြိမ်အခါခါ ဖြစ်တည်နေတာ ဂျီမင်း တစ်ယောက် Busan မှာ Seoul သို့ ပြန်ရောက်ခဲ့သည့် ယခုအချိန်အထိ ။

စားလဲ ဒီစိတ် သွားလဲ ဒီစိတ် ။

ချစ်ရသော သူမ... ဆုယောင်း တစ်ယောက်ကိုပဲ အတွေးတွေအားလုံးထဲ မြတ်နိုးစွာ ထည့်သိမ်းထားမိရင်း သတိရ တမ်းတနေခဲ့တာ "ဘယ်လိုတောင် ချစ်တာလဲ ပတ်ဂျီမင်း ရာ" ဟု ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် မေးခွန်းထုတ်ခြင်းဖြင့် တနေ့တာတွေက ကုန်ဆုံးနေတာ ။

အခုဆို ချစ်ရသူနဲ့ မတွေ့တာ တပတ်တောင် ကျော်ခဲ့ပြီ ။ ဖုန်းလဲ ဆက်လို့မရ။

"အခုတော့ ကိုယ့်မှာ အရူးအမူး ပါပဲ အချစ်ဦးရယ်"

ချစ်တယ်လို့ အဖြေပေးခဲ့တဲ့ နှုတ်ခမ်းပါးလေးကို တမ်းတတယ် ။

ရှက်သွေးဖြာနေခဲ့တဲ့ ပါးမို့မို့လေးကိုလဲ တစိမ့်စိမ့်ကြည့်ငေးနေချင်သေးတယ်။

တညလုံး ရင်ခွင်ထဲ ထည့်သိပ်ထားရင်း ပြေလျလျနှဖူးလေးပေါ် အနမ်းဖွဖွ ခြွေချခဲ့တာလေးတွေ ပြန်လိုချင်တယ် ။

တကယ်တော့

ချစ်ရသူနဲ့ တီတီတာတာ စကားတွေ ဆိုရင်း၊ ချစ်ခြင်းတွေအကြောင်း စီကာပတ်ကုံး ရင်ဖွင့်ပြခဲ့ရင်း၊ ဝေးကွာခဲ့စဉ်က သိပ်သတိရနေခဲ့တယ်ဆိုတဲ့အကြောင်း အလွမ်းတွေ စာဖွဲ့ပြရင်း ၊ ချိုမြိန်သော အနမ်းတွေ အကြောင်း သင်ယူရင်းနဲ့ ကုန်ဆုံးခဲ့တဲ့ ညလေးကိုပဲ

"ကိုယ် သိပ်တမ်းတနေမိတာပါ ကလေးရယ် ..."

•••••••••••••

Comeback အတွက် အကလေ့ကျင့်အပြီး ခဏနားနေချိန် အတွေးတွေက ချစ်ရသူဆီ အပြေးအလွှား ခစားတော့ နှုတ်ခမ်းထက် အပြုံးတပွင့်က မရည်ရွယ်လိုက်ပါပဲ ဖြစ်တည်သွားတယ် ။

အချစ်ဦးသည်သာWhere stories live. Discover now