အခန်း(၁၆) - တမ်းတခြင်းနေ့ရက်များ(၁)

2.5K 289 79
                                    

Unicode ‼️

ရာသီတွေအလီလီကူးပြောင်းပြီး
အချိန်တွေ ရပ်တန့်ခြင်းမရှိတဲ့
နေ့စွဲများမှာ . . .

မင်းအတွက် ရည်ရွယ်တဲ့
တမ်းတခြင်းတွေ ကာရံထားသော
လွမ်းဆွတ်ခြင်းတွေကလဲ
ရပ်တန့်ခြင်းမရှိဘဲ
မြိုင်ဆိုင်စွာ ဖူးပွင့်နေလေတယ် . . .

"တချိန်တုန်းက ကိုယ့်ရဲ့ကောင်မလေးရယ်"

•••••• အချစ်ဦးသည်သာ •••••••

ကိုရီးယားနိုင်ငံ ၊ ဆိုလ်းမြို့ ။ BigHit Entertainment ။

ဒီနေ့ကတော့ ကြုံတောင့်ကြုံခဲ ရရှိခဲသော အားလပ်ရက် နေ့တစ်နေ့လို့ပဲ ဆိုရလေမလား ။

Oversea show ပွဲတွေလဲမရှိ သီချင်းတိုက်စရာ အကကျင့်စရာ သွားစရာ လုပ်စရာ ဘာမှမရှိဘဲ လွတ်လပ်စွာ နားနေခွင့်ရခဲ့သော အဖိုးတန် အားလပ်ရက်ပင်။

ထို့အတွက်ကြောင့်လဲ ကျွန်တော်အပါအဝင် member အားလုံး အိမ်တွင်း အခန်းတွင်းအောင်းကာ တန်ဖိုးမဖြတ်နိုင်သော နေ့လေးကို မိမိစိတ်ကြိုက် လုပ်လိုရာလုပ်ရင်း အားရပါးရ အနားယူနေကြသည်။

အစ်ကို နမ်ဂျွန်း က Leader ပီပီ new album အတွက် သီချင်းစာသားလေးတွေ ဖန်တီးကြည့်ရင်း အချိန်ကို အကျိုးရှိရှိ အသုံးချနေလေရဲ့ ။

အစ်ကို ဂျင် ကတော့ ထုံးစံအတိုင်း အားလပ်ရက်ရရင် မီးဖိုချောင်က မထွက်တော့။ သူ့ဘာသူ menu အသစ်ထွင် ချက်လိုက် ကိုယ့်ချက်တာ ကိုယ်မြည်းကြည့်လိုက် ချက်လိုက်စားလိုက် နဲ့ အဆင်ပြေနေသည် ။

အငယ်ဆုံး နှစ်ယောက်ဖြစ်တဲ့ ဂျောင်ကု နဲ့ ထယ်ယောင်း ကလဲ နှစ်ယောက်သား ဂိမ်းအတူတူဆော့ရင်း အစ်ကိုဂျင် ချက်သမျှ ဒိုင်ခံမြည်းပေး လုပ်ကြရင်းနဲ့ သာယာနေပြန်တယ်။

အစ်ကိုယွန်းဂီ ကတော့ အားလုံးသိကြတဲ့အတိုင်း အိမ်မက်ကမ္ဘာကို အလည်ရောက်နေလေပြီ ။ မနက်ကထဲက ထမလာတာ ခုချိန်ထိ ။အိပ်ရာနဲ့ လူနဲ့ ဆိုတာလေ Super Glue နဲ့ ကပ်ထားတဲ့အတိုင်း ကပ်နေတော့တာ ဆင်အော်တောင် မနိုး ဆင်တက်နင်းတောင် ထမဲ့ပုံ မပေါ် ။ ညနက်တဲ့ထိ သီချင်းတွေရေးနေခဲ့ပြီး အိပ်တာနောက်ကျခဲ့တယ်ထင်ပါတယ်။

အချစ်ဦးသည်သာWhere stories live. Discover now