အခန်း(၂၅) - ချိုမြိန်ခြင်းနေ့ရက်များ (၁၀)

2.2K 244 161
                                    

Unicode ‼️

👑 မင်းအတွက်ရည်ရွယ်
ကိုယ်သီဆိုမယ်
သံစဉ်တေးသွားအလယ်။

👑 မင်းအတွက်ရည်ရွယ်
ဖွင့်ဟချင်တယ်
ကိုယ့်ချစ်ခြင်းရယ်။

👑 မင်းအတွက်ရည်ရွယ်
ကိုယ် တိုင်တည်တယ်
ဘယ်တော့မှ ထပ်မခွဲတော့ဘူး တကယ်။

••••• အချစ်ဦးသည်သာ ••••••

နေမင်းရဲ့ အလင်းရောင်ရင့်ရင့်တွေ စွန့်ခွာသွားပြီး လမင်းရဲ့ အလင်းဖျော့ဖျော့လေး အစားထိုးဝင်ရောက်လာသည့် အချိန်အထိ ကျွန်တော် မီးပြတိုက်ကနေ နေရာမရွေ့မိ။

ထိုနေရာကနေ တဖဝါးမှ မခွာချင်သေးတာ ဘာကြောင့်ဟူသည် အဖြေမရှိ။

တဖြူးဖြူးနဲ့ တိုက်ခတ်နေတဲ့ လေပြေလေးတွေကတော့ ကျွန်တော်နှစ်သက်သဘောကျမှန်း သိလေလို့လား။ ပိုကာ အေးမြခြင်းအရသာ အထိအတွေ့ကို ခံစားစေခဲ့တော့ ကျွန်တော့်ရဲ့ ပန်းဆီရောင်ဖျော့ဖျော့ ဆံနွယ်လေးတွေတောင် လေထဲဝယ် ပို၍ လွင့်မျောနေခဲ့ရပြီ မဟုတ်လား။

ဆံနွယ်လေးတွေကို အသာအယာ သပ်တင်ပြီး လေညင်းရဲ့ အထိအတွေ့လေးကိုသာ မျက်လုံးလေးမှိတ်ကာ ဖြေးဖြေးချင်း စီးမျောခံစားရင်း အရသာခံနေသည့် ထိုအခိုက်မှာ နားထဲဝယ် အသံသဲ့သဲ့ ကြားမိတာ ဘယ်ဆီကဖွင့်လိုက်လို့ လွင့်လာလေမှန်းမသိသည့် သီချင်းတစ်ပုဒ်။

တိတိကျကျပြောရရင် ကျွန်တော်နှင့် မစိမ်းလှသော သီချင်း။ ပိုမို တိကျစွာဆိုရရင် ကျွန်တော့်နှလုံးသားနှင့် အနီးဆုံးသီချင်းဖြစ်ခဲ့သည့် Micheal Learn ရဲ့

"Take Me To Your Heart"

တိုက်ဆိုင်မှုလေးတွေ ရှိတိုင်း လွမ်းရပါသည်ဆိုမှ အလွမ်းမှာ အလွမ်းတွေ ဆင့်စေအောင် ရည်ရွယ်ကာ ထိုသီချင်းလေးက လေထဲပျံ့လွင့်လာသည် မဟုတ်လား ။

ဒါပေမဲ့ လွမ်းစေတတ်သည့် အကြောင်းအရာတိုင်းရဲ့ ပင်တိုင်ကတော့ သူမ ။

ကျွန်တော့် အချစ်ဦး သူမ ။

ထို သီချင်းလေးကြားယုံနှင့် သူမကိုသာ ပြေးမြင်ကာ လွမ်းစေတတ်သည်ကတော့

အချစ်ဦးသည်သာWhere stories live. Discover now