အခန်း(၁၀) - အတိတ်​ပုံပြင်​(၉)

2.2K 302 30
                                    

Unicode ‼️

မင်းအနားမှာရှိတဲ့
အချိန်တိုင်းကတော့
တကယ်လှပကာ
မင်းရဲ့အရယ်အပြုံးလေးတွေ
မြင်တွေ့မိတိုင်း
တကယ်ပျော်ခဲ့တာပါ
အချစ်ဦးရာ

••••••အချစ်ဦးသည်သာ•••••

​ကောင်းကင်​ပြာကြီး နှင့်​ပင်​လယ်​ပြာကြီး သဘာဝအလှချင်း ယှဉ်​ပြိုင်​နေသလို​ရေလှိုင်း​ဖွေး​ဖွေးလေးများ​သောင်​ပြင်​ကမ်းစပ်​ဆီသို့ ကျီစယ်​ပုတ်​ခတ်​ပြေးလွှား​ဆော့ကစား​နေ​တဲ့ ရှုမငြီးသည့်​
Gwangalli Beach ၏ သာယာလှပ​သော
မနက်​ခင်း အချိန်​လေးများလဲ တ​ဖြေး​ဖြေး
ကုန်​ဆုံးကာ

မနက်​ခင်းမှသည်​နေ့လည်​၊​နေ့လည်​မှသည်​
ည​နေခင်းသို့ အချိန်​တွေ တ​ရွေ့​ရွေ့ ကုန်​လွန်​လာသည့်​အခါမှာ​တော့ နီညို​ရောင် နေလုံးကြီးက အရောင်​စုံဖြန့်ကျက်​ရင်း​တ​ဖြေး​ဖြေးကွယ်​ပျောက်​တော့မည့်​ည​နေဆည်းဆာ အချိန်​သို့ပင်​ရောက်​ရှိလာခဲ့ပြီ ဖြစ်​သည်​။

ပင်​လယ်​ကမ်းစပ်​မှ​နေ၍ ပင်​လယ်​နှင့်​ကောင်းကင်​ထိ​တွေ့​နေသည့်​အနားသတ်​မျဉ်းတစ်​နေရာ၌​နေလုံးကြီး မြုပ်​တဝက်​ဖြစ်​နေသည်​ကို ကြည့့်​ရသည်​မှာ မျက်​စိ ပသာဒရှိလှ​ပေသည်​။

ထို့အပြင်​ဆည်းဆာ​ရောင်​ခြည်​ပက်​ဖျန်း ထားသည့်​ဘော်​ငွေ​ရောင်​လှိုင်းကြပ်​ခွပ်​လေး များနှင့်​ပင်​လယ်​ရေပြင်​သည်​လည်း လွန်​စွာ လှပလွန်းပါသည်​။

ကျွန်​မတို့ အုပ်​စုလဲ မနက်​ခင်းတစ်​ခုလုံး
ကမ်း​ခြေအနှံ့​သောင်​ပြင်​တစ်​လျှောက်​သဲနုနု​လေး​တွေ​ပေါ် Game ကစားနည်း မျိုးစုံကို​ပျော်​ရွှင်​ကြည်​နူးစွာ ပြေးလွှား ဆော့ကစားခဲ့သကဲ့သို့ ကြည်​လင်​လှပတဲ့ ပင်​လယ်​ရေ​အေး​အေး​လေး ထဲမှာပါ​ရေဆော့ကစားရင်းဖြင့်​အချိန်​တွေ ကုန်​လွန်​သွားခဲ့သလို

​နေ့လည်​ပိုင်းမှာလဲ အနားမ​နေပဲ​အနီးအနား
ကမ်း​ခြေတ​ဝိုက်လျှောက်​သွားကာ
ကျောက်​ဆောင်​တွေမှာပါ မကျန်​ အလှအပ ရှုခင်း​တွေ အမှတ်​တရ ဓာတ်​ပုံရိုက်​ရင်းဖြင့်​စိတ်​ကြိုက်​လည်​ပတ်​ပြီးမှသာ တည်းခိုရာ ဟိုတည်​သို့
ပြန်​ကာ​ခေတ္တ အနားယူဖြစ်​ခဲ့သည်​။

အချစ်ဦးသည်သာWhere stories live. Discover now