အသက်တစ်ရှိုက်မှာ ပါလာမဲ့အဆိပ်တွေကို ငါတို့နှစ်ယောက်လုံး ညတိုင်းကိုယ်ထဲ သွင်းခဲ့ကြတယ်Jung။ဝေးခဲ့ရင်တောင်ငါတို့အတူသေကြမယ်ဆိုတဲ့အတွေးကို အကောင်အထည်ဖော်ခဲ့မိတယ်Jung။
ဇီဇဝါတွေကို Jungနဲ့ကိုယ်နှစ်ယောက်တည်းသီးသန့်ပျိုးကြမယ်။ပန်းတွေပွင့်လာတဲ့အခါ Jungကိုပေးဖို့ ရည်ရွယ်ပါတယ်။
Jung ငါ့ကိုချစ်တယ်လို့ပြောတဲ့ အချိန်ကခြေတစ်လှမ်းနောက်ကျသွားတယ်ဆိုမလား။ဒါပေမဲ့ Jungနဲ့အတူသေဆုံးရမှာမို့ ငါကိုယ့်ငါအပြစ်ကင်းတယ်တွေးခဲ့တယ်။
ဟွာလယ်နဲ့လက်ထပ်မဲ့နေ့ဟာ ငါတို့အတူသေဆုံးမဲ့နေ့လို့ စီစဉ်ထားခဲ့တာ။ဒါပေမဲ့ မင်းကအရင်ငါ့ကိုထားသွားခဲ့တယ်။
ပြန်လာပါ လို့ အထပ်ထပ်ဆိုနေမိတဲ့ ငါ့ဟာ ယုံနိုင်စရာမရှိဘူးမလား။ချစ်တယ်တောင်ဖွင့်ဟမပြောမိသူပါလေ။
နတ်သမီးဂူကို သွားခဲ့တာတဲ့လား Jung။Jungရော ငါရော မမှတ်မိခဲ့ကြဘူးပဲ နတ်သမီးဂူဆိုတာ ဘဝအဆက်ဆက်ငါသေဆုံးခဲ့ရတဲ့နေရာဆိုတာကိုလေ။
မကြာခင်မှာ ဂူလည်း လုံးဝပိတ်သွားတော့မယ်Jung။အဲ့ဒီအချိန်ကျရင်ငါတို့နှစ်ယောက်ရဲ့ ကျိန်စာတွေလည်း ပြယ်သွားလိမ့်မယ်။
အချီချီသောဘဝတွေမှာ ငါတို့သေကွဲကွဲရပုံတွေလေထဲမှာ ပျံဝဲနေတုန်းပဲ Jung။ဒီတစ်ဘဝက ငါကမင်းသားတစ်ပါးဖြစ်ပြီး Jungက ကုန်သည်ဖြစ်ခဲ့တာ။
ဟော ဟိုခပ်လှမ်းလှမ်းကဘဝမှာကျ Jungက ပန်းတွေစိုက်တဲ့သူ ဟက်ငါကတော့ အခြားတစ်မြို့က အမျိုးသမီးတစ်ယောက်။
ဘဝတွေ မတူညီတာပဲရှိတယ် သံသရာလည်နေတဲ့တစ်ခုကငါတို့နှစ်ယောက်လုံး ဘယ်ဘဝမှာမှ မပေါင်းဖက်ခဲ့ရဘူး။
Jungအခု အခန်းလေးထဲမှာ ပန်းပင်စိမ်းလေးကိုပွေ့ထားသတဲ့လား။Jung အခု အသက်ရှူလို့မဝတော့ဘူးမလား။ငိုမနေနဲ့လေ Jungပိုပင်ပန်းလိမ့်မယ်။
YOU ARE READING
❝အိန်ဂျယ်တွေရဲ့ရာဇဝင်❞
Fanfictionအိန်ဂျယ်တွေမှာ အတောင်ပံပါတယ်။ ခင်ဗျားကအိန်ဂျယ်မဟုတ်ဘူး ခင်ဗျားမှာ အတောင်မှမပါဘဲ။ ဤဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာ၊အချိန်ကာလတို့သည်စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်ကြောင်း အသိပေးပါသည်။
Jung ဆီရေးသော စာတစ်စောင်
Start from the beginning