Jung ဆီ​ရေး​သော စာတစ်​စောင်

10.5K 1K 132
                                    

သို့

ချစ်​ရပါ​သော Jung...

ပထမဆုံး​တွေ့ဆုံမှုမှာ​တော့ Jungက ညစ်​ပေ​နေတဲ့က​လေးဆိုး​လေးတစ်​ယောက်​ပေါ့။

ငါ​ပေးတဲ့ သကြားလုံး​တွေကို အငမ်းမရစားတတ်​တဲ့​ကောင်​က​လေးဟာ တချိန်​မှာ ငါ့ရင်​ထဲ​ရောက်​လာမဲ့လူတစ်​ယောက်​မှန်း ငါဘယ်​သိခဲ့ပါ့မလဲ။

ညစ်​ပေ​နေတဲ့ Jungကို မ​ကောင်းဆိုးဝါး​လေးလို့ ငါသတ်​မှတ်​ခဲ့ဖူးတယ်​ဒါ​ပေမဲ့ Jung စိတ်​မဆိုးသလို​ဒေါသလည်းမထွက်​ခဲ့ပါဘူး။

​သက်​ရှိ​ကြောင်​လေးတစ်​ကောင်​အတွက်​ကိုယ့်​နာမည်​တောင်​မမှတ်​မိတဲ့​ကောင်​လေးJungက ငါ့ကိုကယ်​ပေးဖို့​တောင်းဆိုခဲ့တယ်​နော်​။

​ပွစာကျဲ​နေတဲ့ မင်းရဲ့ပလက်​စတစ်​နန်း​တော်​ကို ငါ​ရောက်​တုန်းက ဝန်​ခံပါတယ်​ငါ့​ခြေ​ထောက်​တွေညစ်​ပတ်​မှာစိုးလို့ တွန့်​ဆုတ်​နေဖူးတယ်​။

​ကောင်း​ကင်​တွေ အလီလီ​ပြောင်းလဲပြီးတဲ့​နောက်​မှာ ငါသိလာခဲ့တယ်​Jungကို တိတ်​တခိုးချစ်​နေမိပြီဆိုတာကို​ပေါ့။

တကယ်​တော့ အိန်​ဂျယ်​အ​ယောင်​ဆောင်​မ​ကောင်းဆိုးဝါးဟာ ငါပါပဲ အခုလို​ပြောလို့ မအံ့ဩပါနဲ့ Jung။

ငါကလွဲရင်​မင်းစိတ်​ထဲအားကိုးရာမရှိ​စေချင်​လို့ ဒါလန်းကို တိတ်​တဆိတ်​မုန်းတီးခဲ့ဖူးတာလည်း ငါဆိုတဲ့ အိန်​ဂျယ်​ပါပဲ။

သူမနဲ့ သံ​ယောဇဉ်​နွယ်​မှာကို​ကြောက်​လန့်​နေခဲ့တဲ့ ငါက မိုက်​ရူးရဲဆန်​စွာဘဲ အပင်​စိမ်း​လေးကို ငါတို့နှစ်​ယောက်​ရဲ့ သီးသန့်​အခန်း​လေးထဲ သွင်းခဲ့လိုက်​တယ်​။

အဲ့ဒီ အပင်​က ဘာပင်​လဲ သိလားJung။အဆိပ်​ပင်​လေ Jungရဲ့ အဆိပ်​ပင်​ဘယ်​လိုလဲ Jungယုံပြီလား ငါက မ​ကောင်းဆိုးဝါးအစစ်​ဆိုတာကို​လေ။

အဲ့ဒီ အဆိပ်​ပင်​လေး ဘယ်​လိုအလုပ်​လုပ်​လဲဆိုတာကို ငါ​ပြောပြမယ်​Jung။အပင်​ကငယ်​သေးတာမို့ အာနိသင်​ကချက်​ချင်းမသက်​ရောက်​ပေမဲ့ အပင်​ကထုတ်​တဲ့​လေကို ငါတို့​တွေ ရှူမိမယ်​။

❝အိန်ဂျယ်တွေရဲ့ရာဇဝင်❞​Where stories live. Discover now