"အိန်ဂျယ်များသည် လူသားတို့၏ဆုတောင်းများကို အစွမ်းသုံးကာဖြည့်ဆည်းပေးနိုင်လေသည်"
စာရွက်သံတဖျတ်ဖျတ်ရဲ့နောက်မှာ အလိုက်သင့်ထွက်ပေါ်နေတဲ့ စကားသံတစ်ခု။ထိုစကားသံတို့ဖြစ်တည်ရာ နှုတ်ခမ်းလေးတစ်စုံသည် ဖူးကြွနေကာ ပန်းရောင်သန်းလို့နေပေသည်။
စာရွက်တွေပေါ်မှာတင်ထားသော လက်တစ်ဖက်သည် မသွယ်မလျဖြစ်ပါသော်လည်း ဖွေးနုစွာရှိသည့်အပြင် မို့မို့ဖောင်းဖောင်းမို့ ကိုက်ဆွဲချင်စဖွယ်ဖြစ်လို့နေသည်။
နဖူးပြင်ပေါ်ဝဲကျနေတဲ့ အဝါရောင်ဆံနွယ်တွေက မြင်ရသူတိုင်း မြတ်နိုးဖွယ်ရာအတိ။ထိုကဲ့သို့သော ပြည့်စုံမှုများနှင့်လူသားလေးတစ်ယောက်သည် အဖြူရောင်ခြယ်သော အခန်းလေးထဲတွင်ရှိလို့နေသည်။
လူသားလေးသည် စားပွဲပေါ်တွင်တင်ထားသော ခဲတံတစ်ချောင်းကိုဆွဲယူကာ စာအုပ်ရဲ့အဖုံးပေါ်မှာ တစ်စုံတစ်ရာကိုရေးလို့နေသည်။ထိုသို့ရေးပြီးသွားတော့ အသံထွက်အောင်တစ်ခေါက်ပြန်ဖတ်လိုက်ပြီး ပြုံးနေပြန်သည်။
"ငါက အိန်ဂျယ်တစ်ယောက်ပါ"
စာအုပ်လေးကိုပိုက်လိုက်ပြီး နေရာကထကာ အိပ်စက်သည့်ကုတင်ပေါ်တွင်တင်ထားသော လွယ်အိတ်ထဲသို့ တယုတယသိမ်းထည့်လိုက်သည်။
"အိန်ဂျယ်လေးရေ ကျောင်းသွားကြစို့်"
"လာပါပြီ"
လွယ်အိတ်ကိုကျောပေါ်တင်လိုက်ပြီး မှန်ကိုတချက်သာစောင်းငဲ့ကြည့်ပြီးနောက် အဖြူရောင်အခန်းလေးထဲက ထွက်လာခဲ့လိုက်သည်။
အကယ်၍ သင်တို့သာ ထိုလူသားရဲ့လှုပ်ရှားသွားလာပုံကို မြင်ရမည်ဆိုပါက အောက်ပါအချက်ကိုသေချာပေါက်တွေးမိကြမည်ပင်ဖြစ်သည်။
တရွေ့ရွေ့လျှောက်လှမ်းနေသောခြေလှမ်းလေးများအောက်တွင် နူးညံ့မြတ်နိုးဖွယ်ရာ ပန်းပွင့်ကလေးများကျန်နေခဲ့လေမလား ဆိုတာပေါ့။
YOU ARE READING
❝အိန်ဂျယ်တွေရဲ့ရာဇဝင်❞
Fanfictionအိန်ဂျယ်တွေမှာ အတောင်ပံပါတယ်။ ခင်ဗျားကအိန်ဂျယ်မဟုတ်ဘူး ခင်ဗျားမှာ အတောင်မှမပါဘဲ။ ဤဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာ၊အချိန်ကာလတို့သည်စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်ကြောင်း အသိပေးပါသည်။