"ပြန်လာပါတော့ Jung"
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်လူတစ်ယောက်ဟာ အလင်းကျရောက်ခြင်းမရှိတဲ့ အခန်းငယ်လေးထဲမှာ အပင်စိမ်းလေးအားပွေ့ထားရင်းက တီးတိုးရေရွတ်နေသည်။
"Jung"
ထိုနာမည်ကိုသာ တဖွဖွရေရွတ်ရင်းနဲ့ မျက်ရည်ပူတွေ တစ်လှိမ့်ချင်းစီးကျလာခဲ့သည်။Jung ငါ ဟွာလယ်ကိုမချစ်ဘူး။ငါချစ်တာက မင်းလေ။
ဝေဝါးနေပြီဖြစ်တဲ့ အမြင်အာရုံတွေကြောင့်မျက်လုံးတွေကို မှိတ်ချလိုက်တဲ့ခဏ မျက်ခွံအောက်က မျက်ရည်တွေစီးကျသွားတာကိုခံစားလိုက်ရသည်။
"ကျွန်တော်အိန်ဂျယ့်ကို ချစ်တယ်"
နားဝမှာ ရိုက်ခတ်လာတဲ့ အသံကြောင့်ရင်ထဲစို့တက်လာမှုကပြောမပြတတ်အောင်ပင်။
Jung မသိခဲ့ဘူးမလား။
လှုပ်ခါသွားတဲ့ လိုက်ကာတွေနောက်မှာ ငါရှိနေခဲ့တယ်ဆိုတာကို။Jungမသိခဲ့ဘူးမလား။
ဇီဇဝါပင်တန်းတွေကြားက မင်းကိုအမြဲစောင့်ကြည့်နေခဲ့တဲ့ မျက်ဝန်းတစ်စုံကို။Jungမသိခဲ့ဘူးမလား။
ဝန်တိုတတ်တဲ့ အကျင့်ဆိုးတွေရှိတဲ့ ငါလို အိန်ဂျယ်အယောင်ဆောင်မကောင်းဆိုးဝါးတစ်ကောင်ကို။နောက်ပြီးနောက်ပြီး
ငါမင်းကိုချစ်တယ်ဆိုတာရော သိပါ့မလား။Jungရယ်။
ငါတို့တွေ အတူတူသေဆုံးကြဖို့ ငါပြင်ဆင်ခဲ့ပြီးသားလေ။ဘာကြောင့်မင်းကအရင်ထွက်သွားရတာလဲ။မုန်းပစ်ချင်လိုက်တာ။
"အိန်ဂျယ်"
Jungရဲ့ခေါ်သံကို နားနဲ့ဆတ်ဆတ်ကြားလိုက်ရတာမို့ မျက်လုံးတွေကို ချက်ချင်းဖွင့်လိုက်မိသည်။Jung တကယ်ပဲ Jung ပြန်လာတာလား။
သို့သော်အခန်းကျဉ်းလေးထဲမှာ သူကလွဲလို့ ပိုးမွှားတစ်ကောင်ပင်မရှိချေ။ဟင့်Jungရေ ပြန်လာပါတော့။
YOU ARE READING
❝အိန်ဂျယ်တွေရဲ့ရာဇဝင်❞
Fanfictionအိန်ဂျယ်တွေမှာ အတောင်ပံပါတယ်။ ခင်ဗျားကအိန်ဂျယ်မဟုတ်ဘူး ခင်ဗျားမှာ အတောင်မှမပါဘဲ။ ဤဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာ၊အချိန်ကာလတို့သည်စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်ကြောင်း အသိပေးပါသည်။