Hate?? No.. it's totally a lie

4.1K 247 74
                                    

Devil <Part-37>

"OK... အကုန်အဆင်သင့်ဖြစ်သွားပြီ... "

Markup artist က ကျွန်မရဲ့ ပါးကို brush ခပ်နုနုနဲ့ တစ်ဖွဖွပုတ်ကာ လက်စသတ်ရင်းပြောလိုက်သည်....

"လှလိုက်တာ ငါတို့ luluလေးက... "
Unnie baek က shoulder off ဝတ်ထားလို့ပေါ်နေတဲ့ ကျွန်မပုခုံးပေါ်ကို လက်လေးအသာအယာတင်ပြီး ချီးမွမ်းလိုက်သည်...

"oh Sehun အဲ့ကောင် လုံးဝအံ့ဩပြီးစကားတောင်ပြောနိုင်မှာမဟုတ်ဘူး... ဟီးဟီး..."
သူ့စကားနဲ့သူ ပြန်ရယ်နေသော baek unnie ကိုကျွန်မ မှန်ထဲက ပြုံးပြလိုက်သည်...

"မရဘူး မဝင်နဲ့... မဝင်ခိုင်းရဘူးလို့ barkကိုယ့်ကိုမှာထားတယ်...

" Baekရေ လာခဲ့ဦး...ဒီကောင်ကိုတားမရတော့ဘူး..."

ခပ်လှမ်းလှမ်းကလှမ်းအကူအညီတောင်းနေတဲ့ Park chanyeolရဲ့အသံခပ်ဩဩကထွက်ပေါ်လာသည်

"ဟာ hyung ကလည်း အဲ့လိုမဟုတ်ပါနဲ့ဗျာ တစ်ခါလေးပဲနော်....ခဏလေးပဲကြည့်မှာ... "

လက်ညှိုး တစ်ချောင်းတစ်ထောင်ထောင်နဲ့ အတင်းပူဆာနေတော့မယ့် သူ့ရဲ့ရုပ်က ကျွန်မ စိတ်ထဲပေါ်လာတော့ သဘောကျစွာပြုံးမိသည်...

"ခဏနော် lulu... ငါသွားကြည့်လိုက်ဦးမယ်... "

"ဟာ...oh sehun ဝင်မလာနဲ့နော်..ဝင်လာရင်တွေ့မယ်...."
Unnie ကတစ်ချက်အော်လိုက်ပြီး
ချစ်စရာကောင်းလွန်းအောင် ခပ်သုတ်သုတ်ပြေးထွက်သွားသည်..
အထုခံရတော့မယ့် သူ့ကိုတွေးမိတော့ ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်ရယ်မိလိုက်သည်...

ဟုတ်ပါတယ်... ဒီနေ့ ကျွန်မနဲ့ hunရဲ့မင်္ဂလာပွဲနေ့ပါ...
အစက တခြားကြီးကြီးကျယ်ကျယ်မလုပ်စေချင်ပေမယ့် စီးပွားရေးလောကမှာအောင်မြင်စပြုနေတဲ့ hunအတွက်
ဒီပွဲကအရေးပါတဲ့ပွဲတစ်ခုဖြစ်ပြီး လုပ်ငန်းရှင်အများစုနဲ့တွေ့နိုင်မယ့်အခွင့်အရေးဆိုလို့ ဒီလောက်ကြီးကြီးမားမားဖြစ်သွားတာလေ
Park chanyeolလည်းဒီမင်္ဂလာပွဲကိုတက်မယ်ဆိုတဲ့သတင်းကြောင့် လူပိုစည်ကုန်တာလည်းဖြစ်ပါလိမ့်မယ်...

------------

"လာ sooလေးနဲ့jongလေး အရမ်းလှနေတဲ့ lulu omma ကိုသွားတွေ့ရအောင်နော်.... "

You've reached the end of published parts.

⏰ Last updated: May 10, 2019 ⏰

Add this story to your Library to get notified about new parts!

DevilWhere stories live. Discover now