Who is soo's appa

4.3K 287 18
                                    

Devil <Part-11>

"ဘာ ဝမ်​နှစ်​ဆယ့်​ရှစ်​သိန်း....နင့်​ဟာက ဘာစိန်​မလို့အဲ့​လောက်​​ဈေးကြီးရတာလဲ.."
rose က baekသူမကို တမင်​ညစ်​လိုက်​မှန်းသိလိုက်​သည်​...

Baek မျက်​​တောင်​ကို​အသာအယာတစ်​ချက်​ခတ်​လိုက်​ရင်း...​အေး​ဆေးစွာတုန့်​ပြန်​လိုက်​သည်​...
"ဒီမှာမိန်းက​လေး...ရှင်​သိမှာပါ..ကျွန်​မလိုနာမည်​ရှိတဲ့ nail artist​တွေကို လက်​ခအများကြီး​ပေးရတယ်​ဆိုတာ..
ရှင်​ကအ​ကောင်းဆုံးဆို​တော့အဲ့​လောက်​ကျသွားတာပါ...
အ​ကောင်းဆုံးမကပ်​ချင်​ရင်​လည်း ကျန်​တဲ့သိပ်​မ​ကောင်းတဲ့ထဲက အစားစားရှိတယ်​​လေ..."

Roseအလွန်​စိတ်​တိုကာမျက်​နှာကြီးနီရဲလာပြီး အံကြိတ်​လျက်​ပြန်​​ပြောသည်​..
"တို့ကအ​ကောင်းဆုံးပဲလုပ်​မှာ ဝမ်​နှစ်​ဆယ့်​ရှစ်​သိန်းလည်းဘာဖြစ်​လဲ.."
Rose chanyeolစီသို့အ​ပြေးသွားလိုက်​ပြီး chanyeol လက်​ကိုအတင်းချိတ်​ကာ
"တို့ရဲ့ ချစ်​သူကပိုက်​ဆံအရမ်းရှိတာ...
ဝမ်​​လေးဆယ့်​ရှစ်​သိန်းဆိုလည်း oppaက တို့အတွက်​ဆိုအကုန်​လုပ်​​ပေးမှာပဲ....​နော့ oppa.."

Chanyeolနှုတ်​ခမ်း တစ်​ဖက်​ကိုတွန့်​ကာပြုံးလိုက်​ပြီး သူ့ကို​မော့ကြည့်​​နေတဲ့ roseရဲ့ နဖူးကို နမ်းသလိုနဲ့ ​ပြောလိုက်​သည်​...
"ဒါ​ပေါ့.....လက်​ရာ​ပြောင်​​မြောက်​ ရင်​ပြီးတာပဲ...ဘယ်​​လောက်​​ပေးရ​ပေးရ.."

Chanyeol roseနဖူးကို နမ်းသလိုလုပ်​လိုက်​ချိန်​မှာသူ့မျက်​လုံးက baekကိုတစ်​ချက်​လှမ်းကြည့်​လိုက်​သည်​...
baekသူတို့ကို မျက်​နှာလွှဲလိုက်​သည်​ ကိုမြင်​လိုက်​ရ​သောchanyeolအနည်းငယ်​​ကျေနပ်​သွားသည်​...

"ဝှါး...oppa roseအ​ပေါ်အရမ်း​ကောင်းတာပဲ.."
ချွဲပျစ်​​နေ​သောအသံနှင့်​ rose​ပြောလိုက်​ရင်း chanyeolပါးကိုလှမ်းနမ်းလိုက်​သည်​....
roseပုံစံက သူမ ရည်းစားကbossတစ်​​ယောက်​ဆိုတာကို လူမသိသိ​အောင်​လုပ်​ပြ​နေသလို....
သူမနဲ့ chanyeolကအရမ်းချစ်​​ကြောင်း baekသိ​အောင်​တမင်​လုပ်​ပြ​နေသလို..
chanyeolကလည်း baek​ရှေ့မှာ တမင်​ ချစ်​ချင်​ဟန်​​ဆောင်​​နေသလို...

DevilWhere stories live. Discover now