Mine

5.1K 274 26
                                    

Devil <Part -19>

Baek​ခေါင်းကိုငုံ့ထားကာ​မြေကြီးကိုသာစိုက်​ကြည့်​​နေလိုက်​သည်​...မျက်​နှာကို မမြင်​ရ​အောင်​ ဆံပင်​နှင့်​ဖုံးထားလျက်​..

အနီ​ရောင်​ pencil heel တစ်​စုံ baekမြင်​ကွင်း​ရှေ့တွင်​ရပ်​တန့်​သွားသည်​..

"ဖြန်း...."
လက်​နှင့်​ပါးပြင်​တို့၏ထိရိုက်​သံကတိတ်​ဆိတ်​​နေ​သောပတ်​ဝန်းကျင်​တွင်​ ကျယ်​​လောင်​စွာ​ပေါ်ထွက်​လာသည်​...

စပ်​ဖြင်းဖြင်းရိုက်​ချက်​တစ်​ခုကိုbaekအံတုရင်း မျက်​နှာမမြင်​​စေရန်​​ခေါင်းကိုဆက်​ငုံ့ထားသည်​....
သူမမျက်​နှာမပြရဲဘူး...ဘယ်​လိုလုပ်​ပြရဲမလဲ...ညီမ​လေးကသူမဆိုတာသိသွားလို့မဖြစ်​..

"အရှက်​မရှိတဲ့မိန်းမ....အိမ်​ထိ​အောင်​မျက်​နှာ​ပြောင်​လာတိုက်​တယ်​​ပေါ့​လေ..."liyonရဲ့ ခပ်​စွာစွာ​အော်​သံက baekနားထဲသို့ ခံပြင်းရခက်​စွာဝင်​​ရောက်​လာသည်​...
liyoonကသူမ၏​ဒေါက်​ဖိနပ်​အချွန်​နှင့်​ baek၏ကြိုးသိုင်းဖိနပ်​စီးထား​သော​ခြေ​ထောက်​နုနု​လေးကိုဖိနင်းလိုက်​သည်​...

"နင်​တို့လိုအရှက်​မရှိတဲ့မိန်းမ​တွေက ပိုက်​ဆံအတွက်​ဆိုဘာမဆိုလုပ်​နိုင်​ကြတာပဲ..."

သေချာတာ​ပေါ့..ဒါသူမညီမ​လေးအသံဆိုတာ.လုံးဝ​သေချာတယ်​..ဒီက​လေးကိုငယ်​ငယ်​ကတည်းကသူမထိန်းလာတာ..​ကောင်း​ကောင်းမှတ်​မိတာ​ပေါ့..​ပြောရက်​လိုက်​တာ...ညီမ​လေးရယ်​...

Baek၏မျက်​ဝန်းမှမျက်​ရည်​​လေးတစ်​စက်​ ​မြေပြင်​​ပေါ်သို့​ပေါက်​ခနဲစီးကျသွားသည်​...

Baekရဲ့နှုတ်​ဆိတ်​​နေမှုက liyoonရဲ့ ​ဒေါသကိုဆွ​ပေး​နေသလို...
liyoonသူမ၏အနီ​ရောင်​လက်​သည်းရှည်​များရှိ​သောလက်​​ချောင်းများဖြင့်​ baek၏ဆံပင်​တို့ကို​ဆောင့်​ဆွဲလိုက်​သည်​...

"အရှက်​မရှိတဲ့မိန်းမ...ငါကိုစကားပြန်​​ပြော​လေ..ဟမ်​...ပြန်​​ပြော​လေ...ငါ့​ယောကျာ်းကိုလာဖြား​ယောင်းတဲ့မိန်းမ..."

"​တော်​​တော့..."
ဘေးနားမှာရပ်​​နေ​သောpark chanyeol liyoonကိုဆွဲလိုက်​သည်​.....baek၏ဆံပင်​တို့ကိုအတင်းဆွဲထားတာကိုလွတ်​သွား​အောင်​ liyoonလက်​ကိုလိမ်​လိုက်​သည်​...

DevilWhere stories live. Discover now