the first step of Nightmare

4.2K 230 21
                                    

Devil <Part-15>

"ဝမ်​သိန်း5000...ရှင်​​ပေးနိုင်​လို့လား"

"ဘာ...hk..ကိုယ့်​အထင်​မင်း​တော့ ပိုက်​ဆံမက်​လွန်းလို့ရူး​တောင်​ရူး​လောက်​မယ်​ထင်​တယ်​...
မင်းကအဲ့​လောက်​တန်​တယ်​လို့မင်းထင်​တယ်​​ပေါ့...
ဝမ်​သိန်း5000?.မင်း​ပြောထွက်​လာ​သေးတယ်​..."
chanyeol မသတီသလိုနှင့်​​ပြောလိုက်​သည်​...

Chanyeol စကားများကိုbaekhyunနည်းနည်းမှဂရုမစိုက်​ဘဲ တည်​ငြိမ်​စွာပြန်​​ချေပလိုက်​သည်​...

"ရှင်​ပဲဝယ်​မယ်​ဆို...
ခုနက​တော့ ရှင်​ပဲ ကြိုက်​သ​လောက်​​တောင်းဆို...
ဘာလဲ..အခုကျ​တော့ နှ​မြောသွားပြန်​ပြီလား..."

Baekhyun၏ခနဲ့လိုက်​မှုက အရာ​ရောက်​သွားသည်​...
chanyeolမျက်​နှာတွင်​ ရုတ်​တရက်​ မခံချင်​​သောပုံရိပ်​တစ်​ခုဖြတ်​​ပြေးသွားသလို...
ဝမ်​သိန်း5000ဆိုတာ နည်းနည်း​နော​နောပမာဏမှမဟုတ်​ဘဲ...
အဲ့​လောက်​ကြီးကျ​တော့chanyeolမနှ​မြောဘဲမ​နေနိုင်​...
ဒါ​ပေမယ့်​ သူ့စကားနဲ့သူဆို​တော့ chanyeol ချက်​လက်​မှတ်​ကို ထုတ်​ပြီး လက်​မှတ်​ထိုးရန်​ပြင်​လိုက်​သည်​...
baekhyunကို​တော့သူ့အ​ပေါ် အထင်​မ​သေး​စေချင်​...

Chanyeol ​ခေါင်းငုံ့ကာ ချက်​လက်​မှတ်​​ရေး​နေစဉ်​မှာပဲ...baekhyun နံရံ​ပေါ်မှာချိတ်​ထားတဲ့baseball ရိုက်​သည့်​တုတ်​ကို အသာအယာယူလိုက်​ပြီး chanyeolနားကိုညင်​သာစွာတိုးကပ်​သွားသည်​...

ခေါင်းငုံ့​နေ​သောchanyeolက​တော့ ထိုအ​ခြေအ​နေကိုလုံးဝသတိထားမိပုံမ​ပေါ်.....
ဂုတ်​ပိုး​နောက်​က နာကျင်​မှုကို ခံစားလိုက်​ရ​သောအချိန်​တွင်​​တော့chanyeol​နောက်​ကျသွား​လေပြီ..

"မင်းရူး​နေလား...Byun Baekhyun..."
Chanyeolခြ​င်္သေ့တစ်​​ကောင်​လို ဟိန်း​ဟောက်​လိုက်​သည်​...

Baekhyunက​တော့​ပေါက်​ကွဲ​နေသည့်
မျက်​ဝန်းတစ်​စုံနဲ့ chanyeol​နောက်​​ကျောကိုအတင်းရိုက်နေသည်​...
"Park chanyeol...
အကျင့်​မ​ကောင်းတဲ့လူယုတ်​မာ..
သွားစမ်း...ငါ့အိမ်​က​နေအခုချက်​ချင်းထွက်​သွား..."

Baekhyunက​တော့အသိစိတ်​လွတ်​​နေ​သောလူတစ်​​ယောက်​လို အဆက်​မပြတ်​ရိုက်​​နေသည်​...
သို့​သော်​ ထူးဆန်းစွာနဲ့ပဲ baekhyun chanyeol၏ဦး​ခေါင်းပိုင်းကို​တော့လုံးဝမရိုက်​...
baekhyunကိုယ်​တိုင်​လည်း ဘာ​ကြောင့်​မှန်း​တော့မသိ...​နောက်​​ကျောကိုသာရိုက်​နှက်​​နေသည်​...

DevilWhere stories live. Discover now