No,I won't

3K 267 24
                                    

Devil <Part-32>

"​ကျေးဇူးပြု ပြီး ကျွန်မ​ဘဝထဲကထွက်​သွား​ပေးပါ...."

မိုးစက်​​တွေ ​မြေမြင်​ကိုတစ်​​ဖြောက်​​ဖြောက်​ရိုက်​ခတ်​သံက ကျယ်​​လောင်​​နေ​ပေမယ့်​ ကျွန်​မ အသံကို သူ​သေချာ​ပေါက်​ကြားရပါလိမ့်​မည်​....

"ကျွန်မရှင့်​ကို မုန်းတယ်​...ရှင့်​မျက်​နှာကို မမြင်​ချင်​​ဘူး...ကျွန်မ​ဘဝထဲကထွက်​သွား​ပေးပါ..."

မိုးသံ​တစ်​​ဖြောက်​​ဖြောက်​ရဲ့ အကူအညီယူပြီး ကျွန်​မရဲ့ တုန်​ယင်​​နေတဲ့ အသံကို သူ မရိပ်​မိ​အောင်​ အတတ်​နိုင်​ဆုံးကြိုးစားသည်​....

ခပ်​​အေး​အေးမိုး​ရေစက်​တို့က သူ့ပါး​ပေါ်မှ ဖြတ်​ကာတစ်​စက်​ပြီးတစ်​စက်​စီးကျ​နေသည်​....

//သူငို​နေတာလား....//

//မဖြစ်​နိုင်​ပါဘူး...Park Chanyeolကဘာလို့ငိုမှာလဲ...ဒါ​လေးနဲ့...//

//ဘာလို့သူ့မျက်​ဝန်းထဲမှာ ထိတ်​လန့်​ပြီး ​ကြောက်​ရံွံ့​နေတယ်​လို့ ကျွန်​မခံစား​နေရတာလဲ......//

သူ့ရဲ့ ​ပုံစံက ကျွန်​မရင်​ကို ရင်​ကိုဆူးတစ်​ချက်​ပြီးတစ်​ချက်​ထိုးစိုက်​​နေသလို

//မဟုတ်​ဘူး... park Chanyeol...ဒါရှင့်​ပုံစံမှမဟုတ်​တာ...//

//အရင်​တုန်းကလို ငါ့ကို​အော်​ဟစ်​ပြီး ​ကျောခိုင်းပြီးထွက်​သွားလိုက်​စမ်းပါလား....//

"ကျွန်မ​ဘဝထဲက ထွက်​သွားစမ်းပါ..."

//ဟင့်​အင်း....
အဲ့လို မျက်​ဝန်း​တွေနဲ့ငါ့ကို လာမကြည့်​ပါနဲ့.....​တောင်းပန်​ပါတယ်​...//

ကျွန်​မ သူ့ကိုမျက်​နှာလွှဲလိုက်​ပြီး အသံကုန်​​အော်​ဟစ်​လိုက်​သည်​...

" ရှင့်​ကိုမုန်းတယ်​......အရမ်းမုန်းတယ်​....Park Chanyeol...."

"ရှင်​ကြားလား.....ကျွန်မရှင့်ကိုမုန်းတယ်​လို့..."

သူ့ရင်​ဘက်​မှ အင်္ကျီစကို ဆုတ်​ကိုင်​ပြီး
ကျွန်​မအကြိမ်​ကြိမ်​​အော်​ဟစ်​​လိုက်​သည်​....

//သွားလိုက်​ပါ​တော့ Park chanyeol...ကျွန်​မ ကို တစ်​​ယောက်​တည်းထားပြီးထွက်​သွားလိုက်​​တော့..//

DevilWhere stories live. Discover now