I know it's Love

4.8K 289 19
                                    

Devil <Part-22>

လူသူရှင်းလင်း​နေ​သောလမ်းမ​ပေါ်သို့ လ​ရောင်​သဲ့သဲ့ကဖြာကျလျက်​....

ပတ်​ဝန်းကျင်​တစ်​ခုလုံးတိတ်​ဆိတ်​ငြိမ်​သက်​​နေသည်​မှာ တိုင်​ကတ်​နာရီ​ပေါ်မှ နာရီလက်​တံတစ်​ချက်​ချက်​ကိုပင်​ကြား​နေရသည်​....

1:30 AM

ထိုအချိန်​Chanyeol တစ်​​​ယောက်​ကုတင်​​ပေါ်တွင်​ ဟိုဘက်​လှည့်​လိုက်​ ဒီဘက်​လှည့်​လိုက်​ အိပ်​မ​ပျော်​နိုင်​ဖြစ်​​နေသည်​....

ဘယ်​အိပ်​​ပျော်​နိုင်​ပါ့မလဲ....သူအသည်းအသန်​ချစ်​ရတဲ့သူမက သူ့အခန်း​ဘေးမှာရှိလျက်​နဲ့ မထိရ မကိုင်​ရတဲ့အဖြစ်​မျိုး

"ကျွတ်​စ်​....ဒီ​ကောင်​မ​လေး​တော်​​တော်​လည်​တာပဲ....က​လေးကို​ရေချိုး​ပေးပြီး အခန်းထဲကကိုထွက်​မလာ​တော့ဘူး..."

ပွဲသွားကြမ်းရင်​လည်းက​လေးရှိ​နေတာမို့ chanyeolမလုပ်​ရဲ...က​လေးကပါမုန်းသွားရင်​ ပြသနာကြီးသွားနိုင်​သည်​....

"ဟူး...Park chanyeol..စိတ်​​လျှော့...ဟူး....​ဖြေး​ဖြေးချင်း​ပေါ့....သူတို့ကမင်းလက်​ခုပ်​ထဲက​ရေဖြစ်​​နေပြီပဲ...​ဖြေး​ဖြေး​ပေါ့...."
Chanyeol ပါးစပ်​ထဲမှ အပူ​ငွေ့​တွေကို ခပ်​ပြင်းပြင်းမှုတ်​ထုတ်​လိုက်​သည်​....
စောင်​ကိုသာ​ခေါင်း​ပေါ်ထိဆွဲခြုံရင်း စိတ်​ကိုချုပ်​တည်းကာ မျက်​လုံးစုံမှိတ်​ထားလိုက်​​တော့သည်​....

ကောင်းကင်​​ပေါ်က လမင်းကြီးက​တော့ အစွမ်းကုန်​​တောက်​ပကာ Chanyeol အကြံအိုက်​​နေသည့်​ အဖြစ်​ကို ​လှောင်​ရယ်​​နေသ​ယောင်​....

×××××××

"သူ့ကိုချစ်​တယ်​...ဒါ​ပေမယ့်​ကျွန်​မသူနဲ့ မျက်​နှာချင်းဆိုင်​လို့မဖြစ်​ဘူး.....ကျွန်​မကို က​လေး​ကြောင့်​ဆိုပြီးသနားတာ မဖြစ်​​စေချင်​ဘူး...."

သူမ ဗိုက်​ကိုပွတ်​ရင်း ​ခေါင်းငုံ့လိုက်​သည်​...
မျက်​ရည်​ပူတစ်​စက်​က ပါးပြင်​​ကိုဖြတ်​ကာ ​​ပေါက်​ခနဲလျှော​ ကျသွားသည်​....

Luluအိမ်​မက်​မှ လန့်​နိုးလာသည်​....
ပါးပြင်​​ပေါ်ကိုင်​ ကြည့်​​တော့ မျက်​ရည်​ပူအချို့​က လက်​တွင်​ကပ်​ပါလာသည်​...

DevilWhere stories live. Discover now