meet again

4.2K 264 6
                                    

Devil<Part -10>

ထိုလူတစ်​စုထွက်​သွားမှ baekအိမ်​ထဲသို့ပြန်​ဝင်​လာခဲ့သည်​...
Soo​လေးက သူ့ommaကို​ပြေးဖက်​လိုက်​သည်​...
"ဝါး...wuri ommaကအရမ်း သတ္တိရှိတာပဲ...jang..."sooမျက်​စိ​လေးလက်​မ​လေး​ထောင်​ပြရင်း ​ပြောလိုက်​သည်​..

Baekအမှန်​အတိုင်းဝန်​ခံရလျှင်​ ခုနက sooငိုလိုက်​တုန်းက သူမအလွန်​ထိတ်​လန့်​သွားခဲ့သည်​..
သို့​သော်​သူမကြံခိုင်​မှဖြစ်​မည်​....
အခုသူမ သမီး​လေးကိုကာကွယ်​နိုင်​လိုက်​ပြီ....
baek သမီး​လေးကိုအားပါးတရဖက်​ပြီး ​ပျော်​ရွှင်​လွန်းသဖြင့်​မျက်​ရည်​ကျမိသည်​..

ထိုစဉ်​ အိမ်​အပြင်​ဘက်မှအသံ တစ်​သံကြားလိုက်​ရသည်​...
"ကျွတ်​စ်​...စုတ်​ပြတ်​​နေတာပဲ....မုန်းဖို့​ကောင်းလိုက်​တာ..
သူများကအ​ဝေးကြီးလာပြီးလက်​သည်းလာလုပ်​ပါတယ်​ဆို...
ဒီလိုစိတ်​ပျက်​စရာမြင်​ကွင်း​တွေနဲ့လာ​တွေ့​နေ​သေးတယ်​..."

မျက်​နှာ​ပေါ်တွင်​မိတ်​ကပ်​များ ထူပိန်း​နေ​အောင်​လိမ်းခြယ်​ထား​သော တက်​သစ်​စမင်းသမီး rose...
သူမ​ကသူမဘေးမှ အ​နောက်​တိုင်းဝတ်​စုံအနက်​​ရောင်​နဲ့ ​ယောကျာ်းတစ်​​ယောက်​၏လက်​ကို အတင်းချိတ်​ထားကာ ရှုံ့တွ​ပြောဆို​နေသည်​..

ကြားလိုက်​ရ​သောအသံ​ကြောင့်​ baekမျက်​ရည်​များကိုသုတ်​ရင်း သမီး​လေးကို​ပွေ့လျက်​ အိမ်​​ရှေ့သို့ခပ်​သုတ်​သုတ်​ထွက်​လာလိုက်​သည်​...

Park chanyeol အိမ်​ထဲသို့စူးစမ်းစွာကြည့်​​နေသည်​..
ခုနကလူဆိုး​တွေကိုရိုက်​လွှတ်​လိုက်​တာ​တော့အ​ဝေးကမြင်​လိုက်​သည်​....
ဒီ​လောက်​​တောင်​ လူရမ်းကား​တွေကို ရိုက်​လွှတ်​လိုက်​​အောင်​သတ္တိရှိတဲ့မိန်းက​လေးက ဘယ်​လိုပုံစံလဲဆိုတာ chanyeolစိတ်​ဝင်​စားမိသည်​....

သူမရဲ့​သေးသွယ်​တဲ့ခန္ဓာကိုယ်​​လေး​ပေါ်မှာ လုံးတုတ်​ပြီးချစ်​စရာ​ကောင်းတဲ့က​လေး​လေးကို​ပွေ့ချီထားတယ်​...

လှိုင်းတွန့်​ပုံဆံပင်​​လေး​တွေကို ကပိုကရိုစီးထားတယ်​...

က​လေး​လေးနဲ့ ပုံစံတူ အပန်း​ရောင်​ဂါဝန်​​လေးကိုဝတ်​ထားတယ်​...

DevilWhere stories live. Discover now