19

517 76 4
                                    

မကာအိုမှာတစ်လကျော်နေထိုင်ပြီးသွားတော့ Russia ကိုရွှေ့ ရပြန်သည်။ Samara မြို့ ကို ပျံသန်းလာတဲ့လေယာဉ်ဟာ အစစ်အဆေးမရှိဘဲ ချောမွေ့ စွာရောက်ရှိလာသည်။ Wu Yi fan power is not joke ။
Samara  ရောက်ကတည်းက နေတဲ့နေရာကိုမကပ်နိုင်ဘဲတောက်လျှောက်အလုပ်ရှုပ်နေခဲ့တဲ့ Wu Yi fan ဟာ သူ့ ဖုန်းကိုပါသိမ်းထားခဲ့သည်။ တစ်ပတ်အကြာမှာ ပြန်ရောက်လာခဲ့ပြီး မျက်နှာကတော်တော့်ကို ချောင်ကျသွားခဲ့သည်။  ခန့်မှန်းကြည့်ရသလောက် Wu Yi fan ရဲ့ လက်နက်တွေဟာ ဒီ Russia နဲ့ Ukraine ဘက်က သယ်ထုတ်တာများမည်ထင်သည်။

“Chanကလေး အိမ်နဲ့ ဖုန်းပြောချင်လား ”

သူခေါင်းညိတ်ပြတော့ Wu Yi fan ကဖုန်းကိုထုတ်ကာ သူ့အိမ်ကိုခေါ်ပေးသည်။

“ဘယ်မှာရောက်နေလဲဆိုတာတော့ ကလေးဘက်က မပြောဖို့လိုတယ်နော် သိတယ်မလား ”

Private ဖုန်းဖြစ်တာကြောင့် ဖုန်းကနေခြေရာခံခြင်းက လွတ်နိုင်သော်လည်း သူပြောလိုက်မှာကိုတော့စိုးရိမ်နေပုံ။

“ကျွန်တော်သိပါတယ် ”

ဖုန်းဝင်ဝင်ချင်း Appa  က ကိုင်လာသည်။

“Hello Appa  လား ”

“Yeollie သားငယ် ဘယ်မှာလဲ သားငယ်အဆင်ပြေရဲ့ လား ”

“သား ခု Wu Yi fan နဲ့အတူရှိတယ်  အဆင်ပြေပါတယ် Appa..  Omma  ရောနေကောင်းရဲ့ လား  ”

“အင်း... Omma အနားမှာရှိတယ် ပြောလိုက်ဦး  ”

“Omma  အဆင်ပြေရဲ့ လား  နေကောင်းတယ်မလားဟင် အရမ်းသတိရတာပဲ အရမ်းလည်း အထီးကျန်တယ် ”
Omma  ကတော့စကားတောင်မပြောနိုင် ဘဲငိုနေခဲ့သည်။  ခဏလောက်ပဲသည်းခံပေးဖို့ ဘယ်နေရာရောက်ရောက် Omma  တို့ကရအောင်ပြန်ခေါ်လာမည်ဖြစ်ကြောင်း  ကိုပြောရှာသည်။ သူတို့ပြောနေတုန်းမှာပဲ Wu Yi fan  က သူ့လက်ထဲကဖုန်းကို  ဆက်ခနဲလုသွားခဲ့သည်။ 

“Hello  ဦးလေး  Chan  ကလေးကို  ဒီတစ်ပတ် သောကြာနေ့ကျရင်  ရှန့်ဟိုင်မှာပဲ ပြန်ခေါ်လာလို့ရတယ် တစ်ခုရှိတာက ဦးလေး တစ်ယောက်တည်းလာခဲ့ရင်ပိုကောင်းမယ်  ”

“Wu Yi fan ! ”

သူအံ့သြသင့်စွာလှည့်ကြည့်တော့ Wu Yi fan ကမျက်လုံးများနီရဲလျက် အေးစက်စွာပြန်ကြည့်လာသည်။

CauseWhere stories live. Discover now