10

541 66 3
                                    

"ကိုကို ဘယ်လိုရောက်လာတာလဲ Luhan accident ဖြစ်နေတာဆို သက်သာသွားပြီလား လာဝင်ခဲ့လေ"

မပြေမဆို ရောက်လာပြီး အိမ်ရှေ့မှာ လာရပ်နေသော Wu Yi fanကို အိမ်ထဲခေါ်သွင်းရသည်။ Appa ကတော့ဖုန်းပြောနေရင်းက ခေါင်းတစ်ချက်ညိတ်ပြလာသည်။

" Chan ကလေး ကိုယ့်ကို စိတ်ဆိုးနေပြီထင်နေတာ စိတ်မဆိုးဘူးလား "

အိမ်ထဲဝင်ရင်း ပြောလာတဲ့ ထိုလူကြီး စကားကြောင့် သူ ခေါင်းတစ်ချက်စောင်းကြည့်လိုက်သည်။ Wu Yi fan သည် သူ့ကိုအမှန်တကယ်ချစ်ပုံမပေါ်သော်လည်း မသိလျှင် တကယ်ချစ်သည်ဟု ထင်ရသည်အထိ အသေးအဖွဲ့ကအစ အမြဲတစေ ဂရုစိုက်ပေးသည်။

"ကျွန်တော်က ဘာလို့စိတ်ဆိုးရမှာလဲ ကိုကို့တူ accident ဖြစ်နေတာလေ အမှန်ဆို ကျွန်တော်တောင်လာကြည့်သင့်တာ ကျွန်တော့် result ကိစ္စနဲ့ တိုက်သွားလို့"

"Chan က လေး result ဘယ်လိုလဲ Chan ကလေးမှန်းထားသလိုပဲမလား"

"ဟုတ် engineering လေ S N U မှာ"

"Congratulations ကလေး "

ဧည့်ခန်းရောက်တော့ Omma ကလူကြီးဖြစ်သောကြောင့် Wu Yi fan ကို ပြုံး၍နှုတ်ဆက်လာသည်။ Noona ကတော့ သူ့မောင်ကို သဝန်တိုလွန်းစွာ မကြည်ကြည့် ကြည့်လာသည်။

"Yi fan တူလေး သက်သာရဲ့ လား"

"ဟုတ်ကဲ့ ကြီးကြီးမားမားထိခိုက်သွားတာမျိုးတော့မဟုတ်ပါဘူး"

"ကိုကို ထမင်းစားပြီးပြီလား "

"Arr မစားရသေးဘူး"

ထင်သည့်အတိုင်းပင်။ လူတိုင်းကိုလိုက်ဂရုစိုက်တတ်သော သူကိုယ်တိုင်အတွက်ဆို ဘယ်တော့မှပြန်မကြည့်တတ်သော ထိုလူကြီးသည် ယခုလည်း ဟိုလူ့ကို စိတ်ပူ ဒီလူ့ကိုစိတ်ပူနှင့်  ည9 နာရီ ထိုးသည့်တိုင်အောင်ဘာမှမစားသေးသည်မှာ သေချာသည်။

"အိမ်မှာ ဟင်းတွေရှိသေးတယ် ကိုကို စားသွားလိုက် ကျွန်တော် ပြင်ပေးမယ် Luhan မှာရောစောင့်မယ့်လူရှိရဲ့လား "

"အင်း Sehun ရောက်လာလို့ ခဏထားခဲ့တယ်"

Omma ကလည်းစားခိုင်းနေတာတောင် အားနာနေသည့် Wu Yi fanကို လက်ဆွဲကာသာ ထမင်းစားခန်းထဲ ခေါ်လာခဲ့သည်။ ထမင်းစားနေတုန်း Wu Yi fan ဖုန်းဝင်လာသောကြောင့် သူကြည့်လိုက်တော့ Luhan ကခေါ်နေခြင်းဖြစ်သည်။

"ဟယ်လို မင်းသားလေး ... အင်း.....ဦးငယ်ခု Chan ကလေး အိမ်မှာ.......Sehun ရှိတယ်မလား .....ဟုတ်ပြီ ဒါဆိုလည်း ဦးငယ် ခုလာခဲ့လိုက်မယ် .....ဟုတ်ပြီ ဘာစားချင်လဲ ဦးငယ်ဝယ်ခဲ့ပေးမယ်..... အင်း....
ဒါပဲလေနော်"

"Chan ကလေး ကိုကို သွားတော့မယ် .... result ကလည်းကောင်းတော့ ဂုဏ်ပြုတဲ့အနေနဲ့Chan ကလေးလိုချင်တာပြောလေ ကိုကို ဝယ်ပေးမယ် "

ပြောလည်းပြောပြီး ထသွားရန်ပြင်နေသော Wu Yi fan ကို သူ လှမ်းဆွဲ လိုက်ပြီး ထိုင်ခုံမှာပြန်ထိုင်ခိုင်းလိုက်သည်။ Wu Yi fan ကတော့နားမလည်သည့်ပုံစံဖြင့်မော့ကြည့်လာသည်။ စိတ်တိုနေပုံပေါ်နေသောသူ့ကိုကြည့်ပြီး ဘာစကားမှဆိုမလာဘဲ Wu Yi fan ကအသာတကြည် ထိုင်လာသည်။

"တစ်နေ့လုံးဘာမှမစားရသေးဘူးမလား ဒီထမင်းကို ကုန်အောင်စားသွား ပြီးမှသွားချင်တာသွား "

"မင်းသားလေး က.."

" Luhan ဆီမှာ Sehun ရောက်နေတယ်မလား "

"ဒါပေမယ့်..."

"ဘာပဲဖြစ်ဖြစ် ဒါကုန်အောင်စားပြီးမှသွားရမယ် "

"စိတ်ပူနေတာလား ကိုယ့်ကို"

"စိတ်ပူတာမဟုတ်ဘူး သိနေလို့ ဒီတိုင်းသွားလိုက်ရင် ခင်ဗျားဗိုက်ထဲ ပေါင်မုန့်တစ်လုံးတောင် ဝင်သွားမှာ မဟုတ်ဘူးဆိုတာ ကြိုသိနေလို့ သူများကိုစိတ်ပူတတ်ပြီး ကိုယ့်ကိုကိုယ် ကျတော့ ဂရုစိုက်ရမယ်ဆိုတာ ဘယ်တော့မှ မသိတတ်လို့ "

"ဟဟ ...ဟုတ်ပါပြီကွာ ကိုယ့်အိမ်ရှင်မလေး ကျနေတာပဲ "

"ကိုကို......"

စိတ်တိုတိုနဲ့အော်ချလိုက်တာတောင် Wu Yi fan တို့ ကအပြုံးမပျက် ။တဟဲဟဲ နဲ့ သူ့ကိုလိုက်စနေသေးသည်။ ထမင်းပြန်စားရင်းလည်း ပြန်ရယ်နေသေးသောကြောင့် သူ ပါးများပင် ပူနွေးလာရသည်။ တစ်ခါတစ်လေကျတော့လည်း Wu Yi fan ၏နောက်ပြောက်မှုများတွင်မြန်ချင်လာသည့်ရင်ခုန်သံကြောင့် ကိုယ့်ကိုယ်ကို အမြဲသတိပေးနေရသည်။ Wu Yi fan ၏ ခံစားချက်တွေကို လေးလူတစ်ယောက်အနေနှင့်မြင်နေရသည့်ကြားက တကယ့်အတွဲ အစစ်တွေလို့ ထင်ယောင်နေသော သူ့စိတ်ကိုလည်း ပြန်သုံးသပ်ချင်လာသည်။ တစ်ခါတစ်ခါ Wu Yi fan ၏ ဂရုစိုက်မှုတွေကြားထဲ သူပျော်ဝင်နေတတ်သည်။ Luhan နဲ့ယှဉ်လိုက်လျှင် ဘယ်တော့မှ ပထမဦးစားပေး မဖြစ်နိုင်တာ သိသိကြီးနဲ့တောင် တခါတလေ စိတ်တိုမိနေသည့်သူ့ကို သူ့ဘာသာသူတောင် နားမလည်ချင်။

Wu Yi fan ကျွန်တော်တော့ ခင်ဗျားနဲ့တွဲဖို့လက်ခံလိုက်တာ မှားပြီနဲ့တူပါတယ်။



















CauseWhere stories live. Discover now